𝐄𝐦𝐛𝐫𝐚𝐜𝐢𝐧𝐠 𝐀𝐈: 𝐀𝐈 ခေတ်ကို ရင်ဆိုင်ခြင်း
รายละเอียดงาน
𝐄𝐦𝐛𝐫𝐚𝐜𝐢𝐧𝐠 𝐀𝐈: 𝐀𝐈 ခေတ်ကို ရင်ဆိုင်ခြင်း
“AI က အနာဂတ်မှာ ဖြစ်လာမှာပါ” ဆိုတဲ့ ခေတ်ကုန်သွားပါပြီ။
အခုအချိန်ထိ AI ကို ChatGPT တို့ Gemini တို့မှာ မေးခွန်းမေးရုံလောက်ပဲ သုံးနေတုန်းဆိုရင်… ကိုယ်က နောက်ကျကျန်ခဲ့ပြီလို့ပြောရမလိုပါပဲ‼️ တစ်ဖက်မှာ အခြားသူတွေက AI ကို စာမေးရုံမကဘဲ အလုပ်တွေကို ၁၀ ဆ ပိုမြန်အောင်လုပ်၊ Career Standard ကို သာလွန်အောင် မြှင့်တင်နေကြတဲ့အတွက် ခေတ်ရှေ့ပြေးသူတွေပြေးနေကြပါပြီ။
ဒီနေ့ လုပ်ငန်းခွင်မှာ AI ကို မသုံးတတ်ရင် မနက်ဖြန် ကိုယ့် Career နဲ့ စီးပွားရေးမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ ဒီလိုအချိန်မှာ ကိုယ်ကရော… အပြောင်းအလဲနောက်မှာ ကျန်ခဲ့မှာလား? ဒါမှမဟုတ် AI ကို လက်နက်တစ်ခုလို သုံးပြီး အခြားသူတွေလို အရှေ့က ပြေးမှာလား? ဆိုတဲ့မေးခွန်းအတွက် 🤝 𝐌𝐲𝐉𝐨𝐛𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ 𝐅𝐚𝐢𝐫𝐰𝐚𝐲 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 ရဲ့ တည်ထောင်သူတဦးဖြစ်တဲ့ ဆရာအိမောင် တို့ ပူးပေါင်းပြီး အနာဂတ် ရင်ဘတ်ချင်းတူတဲ့ IT လူငယ်တွေနဲ့ Career သမားတွေအတွက် အထူးစီစဉ်ပေးလိုက်တဲ့ Webinar တခုရှိပါတယ်။
𝐄𝐦𝐛𝐫𝐚𝐜𝐢𝐧𝐠 𝐀𝐈: 𝐀𝐈 ခေတ်ကို ရင်ဆိုင်ခြင်း
ဒီ Free Webinar မှာ AI ရဲ့ သီအိုရီတွေကို စာအုပ်ကြီးအတိုင်း ပြောပြမှာ မဟုတ်ပါဘူး။
AI ခေတ်မှာ နောက်ကျကျန်မနေခဲ့ဘဲ မနက်ဖြန် လုပ်ငန်းခွင်ထဲ အမှန်တကယ် လက်တွေ့အသုံးချနိုင်မယ့် 𝐓𝐚𝐜𝐭𝐢𝐜𝐬 တွေ ကို တိုက်ရိုက်မျှဝေပေးသွားမှာပါ။
💡 ဒီ 𝐒𝐞𝐬𝐬𝐢𝐨𝐧 ကနေ သင့်အတွက် ဘာတွေ ရသွားမလဲ?
🤖 𝐀𝐈 ရဲ့ တကယ့် 𝐑𝐞𝐚𝐥𝐢𝐭𝐲: သာမန် AI သုံးသူ မဟုတ်ဘဲ Prompt တွေကို Master လုပ်ပြီး AI ကို စနစ်တကျ ခိုင်းစေတတ်မယ့် နည်းလမ်းများ
💼 𝐂𝐚𝐫𝐞𝐞𝐫 𝐑𝐢𝐬𝐤 𝐂𝐡𝐞𝐜𝐤: AI ကြောင့် ဘယ်အလုပ်တွေ စိန်ခေါ်မှုရှိလာပြီး၊ ဘယ်လို Role သစ်တွေပေါ်လာမလဲ?
📈 𝐅𝐮𝐭𝐮𝐫𝐞-𝐏𝐫𝐨𝐨𝐟 𝐒𝐤𝐢𝐥𝐥𝐬: မနက်ဖြန် လုပ်ငန်းခွင်မှာ AI ထက် ပိုသာလွန်နေစေမယ့်၊ AI က အစားမထိုးနိုင်တဲ့ Core Skills များ
🌍 𝐒𝐦𝐚𝐫𝐭 𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐨𝐧: Daily Work တွေကို AI နဲ့ ဘယ်လို Automate လုပ်ပြီး အချိန်ပိုတွေ ထွက်လာအောင် ဖန်တီးမလဲ? ဆိုတာတွေကို လေ့လာဆည်းပူးနိုင်မှာပဲဖြစ်ပါတယ်။
🎙 ဆွေးနွေးပြောကြားပေးသွားမယ့် 𝐆𝐮𝐞𝐬𝐭 𝐒𝐩𝐞𝐚𝐤𝐞𝐫 ကတော့
𝐓𝐞𝐜𝐡 နယ်ပယ်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး၊ 𝐀𝐈 𝐓𝐨𝐨𝐥𝐬 နဲ့ 𝐖𝐨𝐫𝐤𝐟𝐥𝐨𝐰 𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐨𝐧 ဆိုင်ရာ စာအုပ်များစွာ ရေးသားထားသူ ဆရာအိမောင် ပဲဖြစ်ပါတယ်။ ဆရာအိမောင်ဟာ 𝐅𝐚𝐢𝐫𝐖𝐚𝐲 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐲𝐠 ရဲ့ တည်ထောင်သူတဦးဖြစ်တဲ့အပြင် 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐈𝐧𝐬𝐢𝐠𝐡𝐭𝐬 များကို လူငယ်တွေထံ တိုက်ရိုက်ဆွေးနွေးပို့ချပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။
🗓 𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬:
📅 𝟏𝟕 𝐀𝐮𝐠 (𝐌𝐨𝐧𝐝𝐚𝐲)
🕒 𝟕:𝟎𝟎 - 𝟗:𝟎𝟎 𝐏𝐌
📍 𝐙𝐎𝐎𝐌
⚠️ 𝐑𝐞𝐦𝐞𝐦𝐛𝐞𝐫:
"AI က သင့်အလုပ်ကို အစားထိုးမှာ မဟုတ်ပါဘူး။ AI ကို ကျွမ်းကျင်စွာ အသုံးချတတ်တဲ့သူက သင့်နေရာကို အစားထိုးသွားပါလိမ့်မယ်။"
အခွင့်အလမ်းကို မလွတ်သွားစေဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ 👇
🔗 https://myjobs.com.mm/events/01KYVTSKJ1FXERWKNMPQ5QXD00