TG — MyJobs (Myanmar)25 วันที่แล้ว

𝐇𝐢𝐫𝐢𝐧𝐠 𝐭𝐡𝐞 𝐑𝐢𝐠𝐡𝐭 𝐇𝐑 𝐓𝐞𝐚𝐦: 𝐖𝐡𝐚𝐭 𝐎𝐰𝐧𝐞𝐫𝐬 & 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐌𝐮𝐬𝐭 𝐊𝐧𝐨𝐰

สถานที่: 🇲🇲 MM
เงินเดือน: ไม่ระบุเงินเดือน
✈ ประกาศจาก Telegram

รายละเอียดงาน

📢 𝐇𝐢𝐫𝐢𝐧𝐠 𝐭𝐡𝐞 𝐑𝐢𝐠𝐡𝐭 𝐇𝐑 𝐓𝐞𝐚𝐦: 𝐖𝐡𝐚𝐭 𝐎𝐰𝐧𝐞𝐫𝐬 & 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐌𝐮𝐬𝐭 𝐊𝐧𝐨𝐰 💼✨

Employers တို့ရေ... တစ်ပတ်လုံး အလုပ်ကိစ္စတွေနဲ့ ခေါင်းရှုပ်ထားသမျှ စနေနေ့ညဘက်မှာ အေးအေးဆေးဆေး Detox လုပ်ရင်း လုပ်ငန်းတိုးတက်ဖို့အတွက် စကားစမြည် ပြောကြရအောင်လား။ ☕🌿

လုပ်ငန်းချဲ့ထွင်ဖို့ စဉ်းစားတဲ့အခါ မှန်ကန်စိတ်ချရတဲ့ “Human Resources" က အဓိကပဲဆိုတာ လုပ်ငန်းရှင်တိုင်း လက်ခံကြမှာပါ။ ဒါပေမဲ့... ကိုယ့်လုပ်ငန်းမှာ လူမှန်နေရာမှန် ခန့်ထားပေးနိုင်မယ့် "Super HR Team" မျိုးကိုရော ဘယ်လို စနစ်တကျ တည်ဆောက်မလဲ? 🤔

"HR တစ်ယောက် ခန့်လိုက်ရင် ပြီးရော" ဆိုပြီး တွေးထားရင်တော့ လွဲသွားပါလိမ့်မယ်။ ကိုယ့်လုပ်ငန်းရဲ့ Vision ကို နားလည်ပြီး လက်တွေ့ရလဒ်တွေ ထွက်လာအောင် မောင်းနှင်ပေးနိုင်မယ့် HR Leadership Team မျိုး ဖြစ်လာဖို့ဆိုရင် လုပ်ငန်းရှင်တွေဘက်က ဘာတွေ သိထားဖို့ လိုမလဲ?

ဒီမေးခွန်းတွေရဲ့ အဖြေကို အတူတူရှာဖွေဖို့ 𝗠𝘆𝗝𝗼𝗯𝘀 𝗠𝘆𝗮𝗻𝗺𝗮𝗿 နဲ့ 𝗔𝗠𝗔𝗥𝗔 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗶𝗻𝗴 ရဲ့ တည်ထောင်သူ ဆရာမင်းခေါင် တို့ ပူးပေါင်းပြီး ဒီအထူး Webinar လေးကို ပြင်ဆင်ထားပါတယ်။ 🚀

🎯 ဒီ Webinar လေးက ဘယ်သူတွေအတွက်လဲ?
Business Owners & Founders တွေ: လုပ်ငန်းချဲ့ဖို့အတွက် ခိုင်မာတဲ့ HR Structure တစ်ခုကို စနစ်တကျ စတင်ချင်သူတွေ။

CEOs, GMs & Management Level တွေ: HR Team ကို ပိုပြီး ထိထိရောက်ရောက် စီမံခန့်ခွဲပြီး လုပ်ငန်းရလဒ် ပိုကောင်းအောင် မောင်းနှင်ချင်သူတွေ။

💡 Webinar မှာ ဘာတွေ အဓိက ပြောပြပေးသွားမလဲ?
The Right Fit: ကိုယ့်လုပ်ငန်း Size အလိုက် (Startup, SME ဖြစ်ဖြစ်၊ Corporate ဖြစ်ဖြစ်) ဘယ်လို HR မျိုးကို အရင်ဆုံး စခန့်ရမလဲ?

Core Competencies: စက္ကူပေါ်က Degree တွေထက်ကျော်လွန်ပြီး တကယ့် "Super HR" တစ်ယောက်မှာ ရှိရမယ့် လက်တွေ့ Skills တွေကို ဘယ်လိုစစ်ဆေးမလဲ?

CEO-HR Synergy: လုပ်ငန်းရှင်နဲ့ HR အကြား နားလည်မှုလွဲတာတွေ လျှော့ချပြီး အပေးအယူမျှမျှတတနဲ့ အကောင်းဆုံး ဘယ်လိုလက်တွဲမလဲ?
🍃 ညဘက် အေးဆေးချိန်မှာ Detox လုပ်ရင်း ဆွေးနွေးကြမယ်

တစ်ပတ်လုံး အလုပ်တွေရှုပ်ပြီး ပင်ပန်းသမျှ လာမယ့် စနေနေ့ညဘက်မှာ အိမ်မှာ အေးအေးဆေးဆေး နားနားနေနေ Detox လုပ်ရင်း၊ ကော်ဖီပူပူလေးတစ်ခွက်နဲ့အတူ လုပ်ငန်းတိုးတက်ဖို့အတွက် Brainstorm လိုက်ကြရအောင်။

📅 18 Jul (Saturday)
⏰ 8:30 - 10:30 PM
📍 ZOOM
⚠️ လုပ်ငန်းရှင်များနှင့် Management သီးသန့်ဆွေးနွေးပွဲဖြစ်ပြီး နေရာကန့်သတ်ထားတာမို့ လူမပြည့်ခင် အောက်ပါ Link မှာ အမြန်ဆုံး Register လုပ်ထားလိုက်တော့နော်! 👇

🔗 Registration Link:
https://myjobs.com.mm/events/01KXG3SMSXJ2ZTPK7PE3T7BQE6

นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่

⚠ เพื่อความปลอดภัยของคุณ

สมัครงานผ่านหน้าเว็บทางการของนายจ้างเท่านั้น อย่าจ่ายเงินให้ผู้รับสมัครงาน และอย่ามอบเงินหรือเอกสารใด ๆ เพื่อแลกกับการได้งานทำ

ไม่ระบุเงินเดือน ปิดรับสมัคร 15 ส.ค. 2569
สมัครที่ต้นทาง ↗