Myanmar Survey ResearchToday

Survey Data Collector

Format: onsite
Work type: internship
Grade: intern
Location: Myanmar (Burma)
Salary: MMK 300,000–MMK 300,000
🔗 Vacancy from an ATS

Job description

Description

Myanmar Survey Research (MSR) သည် သုတေသန နယ်ပယ်တွင် စတင်လုပ်ကိုင်လိုသော လူငယ်များအား သုတေသနလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာ မျှဝေပေးပြီး၊ အနာဂတ်တွင် သုတေသနနယ်ပယ် နှင့် Marketing ဆိုင်ရာအလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန် ရည်ရွယ်ပါသည်။ သုတေသနလုပ်ငန်းစဥ်တွင် အချက်အလက် ကောက်ယူ စုဆောင်းခြင်းသည် အခြေခံကျပြီး အရေးကြီးသောအလုပ်ဖြစ်ပါသည်။ သုတေသနဆိုင်ရာ ဗဟုသုတများ၊ နည်းစနစ်များကို သင်ယူလေ့လာရမည်။ လက်တွေ့ ပါဝင်ဆောင်ရွက်ရမည်။
• ဖုန်းဖြင့် ဆက်သွယ်၍ Survey စစ်တမ်းများကို ရှင်းလင်းစွာ မေးမြန်းခြင်း
• ရရှိလာသော အချက်အလက်များကို တိကျ မှန်ကန်စွာ Tablet တွင် ဖြည့်သွင်းခြင်း
• အလုပ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်း
ရုံးချိန် - နံနက် ၉နာရီ- ညနေ ၅ နာရီ ၊ တပတ် ၆ ရက်

Requirements

ပညာအရည်အချင်း - အထက်တန်းနှင့် အထက်
(အလုပ် အတွေ့အကြုံမရှိသူများ ၊အဝေးသင်တက်သူများ, ကာလတို အလုပ်လုပ်ချင်သူများလည်း လုပ်နိုင်သည်)
• အမျိုးသမီး/ အမျိုးသား အသက် ၂၀-၃၀ နှစ်
• ဆက်သွယ်ပြောဆိုမှု ကောင်းမွန်ရမည်။
• မိုဘိုင်းဖုန်း တက်ဘလက် အခြေခံ အသုံးပြုနိုင်ရမည်။
• စိတ်ရှည်သည်းခံပြီး၊ တိကျသေချာစွာ လုပ်ကိုင်လိုစိတ်၊
• အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိရပါမည်။

Benefits

ဆာဗေးမေးမြန်းသူအဖြစ် လုပ်ကိုင်ပြီး ရရှိမည့် အကျိုး ကျေးဇူးများ-ပညာသင်လစာ - ၃သိန်း  နှင့် ကြိုးစားမှုအတွက် ထပ်ဆောင်းချီးမြှင့်ငွေ•ဝင်‌ငွေ နှင့် သုတေသနလုပ်ငန်းဆိုင်ရာ အခြေခံ ဗဟု သုတများ ရရှိခြင်း •ဆက်သွယ်ပြောဆိုမှုစွမ်းရည် (Communication Skill) များ တိုးတက်လာခြင်း •သုတေသနလုပ်ငန်းခွင်၏ ပထမခြေလှမ်းကို စတင်နိုင် ပြီး အတွ့အကြုံများ ရရှိခြင်း၊ NGO တို့တွင် အလုပ်ရနိုင်သည့် အခွင့်အလမ်းများစွာ ရှိပါသည်

Is this your listing? Update or remove it

⚠ Stay safe

Apply only on the employer's official page. Never pay recruiters or hand over money or documents to get a job.

MMK 300,000–MMK 300,000 Closes Oct 29, 2026
Apply on source ↗