Admin Supervisor
รายละเอียดงาน
Description
– ရုံးသုံးပစ္စည်း၊ စာရေးကိရိယာ၊ ဝန်ထမ်းထမင်းစားနားနေခန်းနှင့်သက်ဆိုင်သာပစ္စည်းများကို စီမံခန့်ခွဲခြင်း နှင့်စာရင်းဇယားများကို
စနစ်တကျထိန်သိမ်းရပါမည်။
– လစဉ် ရုံးအသုံးစရိတ်များ (လျှပ်စစ်၊ အင်တာနက်၊ ဖုန်း၊ အခန်းအငှားခ၊ ပြုပြင်ထိန်းသိမ်းမှုစရိတ်)ကို တာဝန်ယူဆောင်ရွက်ပေးရပါ
မည်။
– ရုံးအဆောင်အအုံနှင့်သက်ဆိုင်သော(လျှပ်စစ်၊ AC၊ ရေပိုက်၊ မီးစက် စသည်) ကိုပုံမှန်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းရန်အတွက်
Vendors/Supplier များ နှင့် ချိတ်ဆက် ဆောင်ရွက်ရပါမည်။
– ရုံးလုံခြုံရေး၊ သန့်ရှင်းရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ထိန်းသိမ်းစောင့်ကြည့်ရပါမည်။
– စာရွက်စာတမ်းများထိန်းသိမ်းခြင်း၊ ဖိုင်တွဲခြင်း၊ ပုံနှိပ်ခြင်းနှင့် အစည်းအဝေးစီစဉ်မှုများကို တာဝန်ရှိသူအား ကူညီပံ့ပိုးပေးရပါမည်။
– ကုမ္ပဏီပိုင်ပစ္စည်းစာရင်းများ၊ ပုံသေပိုင်ဆိုင်မှု (Fixed Asset)ပစ္စည်းများ၏ မှတ်တမ်းများကို ထိန်းသိမ်းထားရှိရပါမည်။
– ပစ္စည်းနှင့်ဝန်ဆောင်မှုများအတွက် Vendor/ Supplier ထံမှဈေးနှုန်းများ စုဆောင်းခြင်း၊ နှိုင်းယှဉ်ခြင်းနှင့် ညှိနှိုင်းခြင်းများကို
ဆောင်ရွက်ရပါမည်။
– Administration နဲ့သက်ဆိုင်သောအစီရင်ခံစာများ၊ Checklists များ နှင့် မူဝါဒများကို ထိန်းသိမ်းရပါမည်။
– နေ့စဉ် ကားအသုံးပြုမှုကို စီမံခြင်း၊ယာဉ်မောင်းများကို တာဝန်ပေးအပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးအချိန်ဇယားများကို စီမံခန့်ခွဲရပါ
မည်။
– ဆီအသုံးပြုမှု မှတ်တမ်း၊ မိုင်အကွာအဝေး မှတ်တမ်းများကို ထိန်းသိမ်းခြင်းနှင့် ကားပြုပြင်ထိန်းသိမ်းခြင်းကို စီစဉ်ဆောင်ရွက်ရပါ
မည်။
– စာချုပ်များ (ရုံးငှားရမ်းမှု၊ ဝန်ဆောင်မှုများ) ၏ သက်တမ်းတိုးခြင်းများဆောင်ရွက်ရပါမည်။
အသင်းအဖွဲ့တွင်ပါဝင်သော Office Assistant ၊ Admin Assistant ၊ Driver များအားကြီးကြပ်ကွပ်ကဲရပါမည်။
– နေ့စဉ်လုပ်ငန်းတာဝန်များကို ခွဲဝေပေးခြင်း၊ အလုပ်ချိန်ဇယားများ စီစဉ်ပေးခြင်းနှင့် လုပ်ငန်းခွင် စွမ်းဆောင်ရည်ကို စောင့်ကြည့်ခြင်း
များ ဆောင်ရွက်ရပါမည်။
Requirements
– တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။
– Admin နှင့် သက်ဆိုင်သော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိရမည်။
– မိမိအလုပ်အပေါ် အသေးစိတ် ဂရုပြုဆောင်ရွက်တက်သူ ဖြစ်ရမည်။
– Computer အသုံးပြုမှု ကျွမ်းကျင်ပြီး၊ Microsoft နှင့် Google Tools များကို အသုံးပြုနိုင်သူ ဖြစ်ရမည်။
– လူမှုဆက်ဆံရေးစွမ်းရည် နှင့် Problem Solving Skill ကောင်းမွန်သူဖြစ်ရမည်။
– Multitasking လုပ်ဆောင်နိုင်သူဖြစ်ရပါမည်။
Benefits
အလုပ်တက်ရက် − Monday to Saturday (9 AM - 5 PM)အလုပ်ပိတ်ရက် − Sunday and Public Holidaysစိတ်ပါဝင်စား၍ လျှောက်ထားလိုပါက Phone : 09890006299Email : hrdepartment.mptz.gd@gmail.com သို့ Viber မှတစ်ဆင့်လည်းကောင်း၊ Email မှတစ်ဆင့် လည်းကောင်း ဆက်သွယ်လျှောက်ထားနိုင်ပါသည်။