Peakfinity Co.,LTD (Honest Hour Well-Being Services)14 ថ្ងៃមុន

Customer Service Executive

ទីតាំង៖ មីយ៉ាន់ម៉ា (ភូមា)
ប្រាក់ខែ៖ មិនបញ្ចេញប្រាក់ខែ
ឧស្សាហកម្ម
🔗 ការងារពីប្រព័ន្ធ ATS

ព័ត៌មានលម្អិតការងារ

Description

📝 Job Description
Customer Service Executive သည် လုပ်ငန်းလည်ပတ်မှု (Operations - Customer Service) အဖွဲတွင် အဓိက တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ဤရာထူးသည် Client များအား အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်နှင့် ကောင်းမွန်သော ဝန်ဆောင်မှုအတွေ့အကြုံများ ရရှိစေရန် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။

💼 Key Duties & Responsibilities
ဖုန်းခေါ်ဆိုမှုများနှင့် အခြား ဆက်သွယ်ရေး ပလတ်ဖောင်းများ (Communication Platforms) မှတစ်ဆင့် Client များ၏ မေးမြန်းစုံစမ်းမှုများကို ကူညီဖြေကြားပေးရန်။
ဝင်လာသောဖုန်းများနှင့် ပြန်လည်ခေါ်ဆိုရမည့်ဖုန်းများ (Incoming & Outbound Calls) ကို တာဝန်ယူ ကိုင်တွယ်ပေးရန်နှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ တိကျမှန်ကန်သော အချက်အလက်များ ရှင်းလင်းပြောကြားပေးရန်။
Client များ၏ ဝေဖန်အကြံပြုချက်များနှင့် တိုင်ကြားမှုများ (Complaints) ကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်းဆုံး ဖြေရှင်းပေးရန်။
သတ်မှတ်ထားသော စာသားများ (Scripts) နှင့် ကုမ္ပဏီ၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာပြောဆိုရန်။
Client များ၏ ကိုယ်ရေးအချက်အလက်များနှင့် လျှိဝှက်ချက်များကို တိကျစွာ ထိန်းသိမ်းစောင့်ရှောက်ရန်။
လိုအပ်ချက်အရ ရုံးချိန်ပြင်ပ သိုမဟုတ် ရုံးပိတ်ရက်များတွင် အချိန်တိုး၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရန်။
အဖွဲအစည်းအတွင်းရှိ အခြားအဖွဲများ (Teams) နှင့် ပူးပေါင်းဆောင်ရွက်ပြီး ပေးအပ်ထားသော တာဝန်များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်။

Requirements

🎓 Requirements
တက္ကသိုလ်တစ်ခုခုမှ ဘွဲရရှိထားသူ ဖြစ်ရမည်။
မြန်မာစာနှင့် အင်္ဂလိပ်စာ အရေးအသားစွမ်းရည် ကောင်းမွန်ရမည်။
ဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာတွင် ယဉ်ကျေးပျူငှာပြီး ပရော်ဖက်ရှင်နယ်ဆန်သော အသံအမူအရာ ရှိရမည်။
Client များ၏ စကားကို သေချာနားထောင်ပေးနိုင်စွမ်း (Listening Skills) နှင့် ပြေပြစ်စွာ ဆက်ဆံနိုင်သော အရည်အချင်း ရှိရမည်။
Customer Service နှင့် သုံးစွဲသူဗဟိုပြု လုပ်ငန်းစဉ်များကို အခြေခံ နားလည်သဘောပေါက်မှု ရှိရမည်။
မြန်မာ/အင်္ဂလိပ် စာရိုက်ခြင်း ကျွမ်းကျင်ပြီး (Typing Skills) အချက်အလက်များကို တိကျသေချာစွာ ဖြည့်သွင်းနိုင်သူ ဖြစ်ရမည်။
လုပ်ငန်းများကို တစ်ပြိုင်တည်း စီမံခန့်ခွဲနိုင်ပြီး အချိန်ကို ထိရောက်စွာ အသုံးချနိုင်ရမည်။
Microsoft Office (Excel, Word, PowerPoint) နှင့် CRM System များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

Benefits

🎁 Benefits———————အရည်အချင်းပေါ်မူတည်၍ ညှိနှိင်းလစာ (Negotiable Salary)လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများနှင့် လေ့လာသင်ယူခွင့် အခွင့်အလမ်းများအပြန်အလှန် ပံ့ပိုးကူညီပေးသော ကောင်းမွန်သည့် လုပ်ငန်းခွင် ပတ်ဝန်းကျင်ရာထူးတိုးတက်မှု အခွင့်အလမ်းများကုမ္ပဏီမူဝါဒအတိုင်း လုပ်သက်ခွင့်နှင့် ရုံးပိတ်ရက် ခံစားခွင့်များ

នេះជាប្រកាសរបស់អ្នកមែនទេ? កែប្រែ ឬលុបនៅទីនេះ

⚠ ដើម្បីសុវត្ថិភាពរបស់អ្នក

ដាក់ពាក្យតែនៅលើទំព័រផ្លូវការរបស់និយោជកប៉ុណ្ណោះ កុំបង់ប្រាក់ឲ្យអ្នកជ្រើសរើសបុគ្គលិក ហើយកុំប្រគល់ប្រាក់ ឬឯកសារណាមួយ ដើម្បីបានការងារ

មិនបញ្ចេញប្រាក់ខែ ផុតកំណត់ 1 តុលា 2026
ដាក់ពាក្យនៅប្រភពដើម ↗