Admin Assistant Manager
ព័ត៌មានលម្អិតការងារ
Description
ကုမ္ပဏီ၏ စက်ရုံများနှင့် ဆိုင်များအတွက် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ၊ လိုင်စင်နှင့် ခွင့်ပြုချက်ဆိုင်ရာ လုပ်ငန်းများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ဝန်ထမ်းအဆောင်နှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ကို စနစ်တကျ စီမံခန့်ခွဲ၍ သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးမြောက်အောင် တာဝန်ယူဆောင်ရွက်ရန်။
စည်ပင်လုပ်ငန်းလိုင်စင်၊ မီးစက်လိုင်စင်၊ အခွန်နှင့် ရာပြတ်ခွန်ဆိုင်ရာကိစ္စများ၊ စက်မှုကြီးကြပ်လိုင်စင် (EI)၊ လုပ်ငန်းလိုင်စင်နှင့် အခြားလိုအပ်သည့် လိုင်စင်များအား သက်ဆိုင်ရာအစိုးရရုံး၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းနှင့် လိုအပ်သည့် လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်ရန်။
ဝန်ထမ်းများ၏ ဧည့်စာရင်းတိုင်ကြားခြင်း၊ ရုံးသွား/လာကိစ္စများ၊ Pest Control ဝန်ဆောင်မှုများနှင့် Vendor များအား ချိတ်ဆက်ညှိနှိုင်းခြင်း၊ ယာဉ်လိုင်စင်သက်တမ်းတိုးခြင်း၊ မီးဘေးကာကွယ်ရေး ပစ္စည်းများ စစ်ဆေးဖြည့်တင်းခြင်းနှင့် ဝန်ထမ်းအဆောင်များအား စနစ်တကျ စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်ရန်။
Management မှ ညွှန်ကြားသည့် အခြား Admin နှင့် သက်ဆိုင်သော လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်မီပြီးမြောက်အောင် တာဝန်ယူ ဆောင်ရွက်ရန်။
Requirements
ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
Administration / Management နှင့် သက်ဆိုင်သော Certificate / Diploma ရှိသူ ဦးစားပေးပါမည်။
Admin / Government Liaison / License & Permit ပိုင်းများတွင် လုပ်ငန်းအတွေ့အကြုံ ရှိရပါမည်။
သက်ဆိုင်ရာ ဌာနများနှင့် Communication & Coordination ကောင်းမွန်စွာ ပြုလုပ်နိုင်ရမည်။
စာရွက်စာတမ်းများအား စနစ်တကျ သိမ်းဆည်း၊ Update ပြုလုပ်နိုင်ရမည်။
Microsoft Office (Word, Excel) အသုံးပြုနိုင်ရမည်။
လုပ်ငန်းတာဝန်များကို အချိန်မီ ပြီးမြောက်အောင် စီမံခန့်ခွဲနိုင်ရမည်။
ပြဿနာများကို ကိုယ်တိုင်စဉ်းစားဖြေရှင်းနိုင်ပြီး Follow-up ကောင်းမွန်သူ ဖြစ်ရမည်။
Benefits
Office Hours - 8:00 AM to
4:00 PM
Off Days - Saturday
(Alternately), Sunday and Public Holidays
Benefit - Lunch &
Ferry Provide, other allowance