𝐒𝐦𝐚𝐫𝐭 𝐒𝐲𝐬𝐭𝐞𝐦, 𝐒𝐦𝐚𝐫𝐭 𝐆𝐫𝐨𝐰𝐭𝐡” Webinar လေးလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ
รายละเอียดงาน
🎉 “𝐒𝐦𝐚𝐫𝐭 𝐒𝐲𝐬𝐭𝐞𝐦, 𝐒𝐦𝐚𝐫𝐭 𝐆𝐫𝐨𝐰𝐭𝐡” Webinar လေးလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ 🎉
ပြီးခဲ့တဲ့ ရက်ပိုင်းက တင်ဆက်ပေးခဲ့တဲ့ "𝐒𝐦𝐚𝐫𝐭 𝐒𝐲𝐬𝐭𝐞𝐦, 𝐒𝐦𝐚𝐫𝐭 𝐆𝐫𝐨𝐰𝐭𝐡" Webinar ကြီးကတော့ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျ တိုးတက်ချင်ကြတဲ့ လုပ်ငန်းရှင်တွေ၊ HR & Operation Heads တွေနဲ့ မန်နေဂျာတွေရဲ့ အားတက်သရော ပါဝင်ဆွေးနွေးမှုများနှင့်အတူ တကယ့်ကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ 🚀✨
ဒီ Webinar ကနေ လူပေါ်မှာပဲ မှီခိုနေတဲ့ လုပ်ငန်းနဲ့ System ပေါ်မှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေရဲ့ ကွာခြားချက်တွေကို ပိုမိုရှင်းလင်းစွာ သဘောပေါက်သွားစေမယ့်အပြင်၊ ကိုယ့်လုပ်ငန်းရဲ့ လက်ရှိအခြေအနေကို ခွဲခြမ်းစိစစ်ပြီး System တစ်ခု စတင်လိုအပ်နေပြီဆိုတာကို ပြနေတဲ့ အချက်ပေးလက္ခဏာတွေကို ရှာဖွေနည်းတွေကိုပါ လေ့လာခွင့်ရရှိခဲ့ကြမှာ ဖြစ်ပါတယ်။ 💡✨
ဒါ့အပြင် လုပ်ငန်းနဲ့ လိုက်ဖက်မယ့် SOPs တွေ၊ Workflows တွေကို အဆင့်လိုက် ရေးဆွဲပုံ၊ KPIs တွေနဲ့ နည်းပညာတွေရဲ့ အခန်းကဏ္ဍ၊ ဝန်ထမ်းတွေ စနစ်အတိုင်း လိုက်ပါဆောင်ရွက်လာအောင် ဘယ်လို ချဉ်းကပ်ရမလဲဆိုတာတွေကို AHKHARA SOLUTION ရဲ့ Founder & Lead Consultant ဖြစ်သူ ဆရာဇေယျာမင်းဦး မှ အသိပညာများနှင့် လက်တွေ့ကျသည့် Insight များကို အသေးစိတ် မျှဝေပေးခဲ့တာကြောင့် တက်ရောက်သူတိုင်းအတွက် မိမိတို့ လုပ်ငန်းခွင်မှာ ချက်ချင်း ပြန်လည်အသုံးချနိုင်မယ့် တန်ဖိုးရှိသည့် Key Takeaways များစွာကို အပြည့်အဝ ရရှိခဲ့ကြမှာ အသေအချာပါပဲ။ 💼📈
မိမိတို့ အဖွဲ့အစည်းကို စနစ်တကျနဲ့ ရေရှည်တိုးတက်အောင် ဦးဆောင်နိုင်ဖို့အတွက် အဖိုးတန် အတွေ့အကြုံများနှင့် ဗဟုသုတများကို စေတနာအပြည့်နဲ့ အချိန်ပေး မျှဝေပေးခဲ့တဲ့ ဆရာဇေယျာမင်းဦး ကိုရော၊ webinar လေးကို တက်တက်ကြွကြွနဲ့ အဆုံးထိ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုပါ 𝐌𝐲𝐉𝐨𝐛𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ 🤝💖
𝑷𝒔. 𝐌𝐲𝐉𝐨𝐛𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 အနေနဲ့ လူငယ်တွေ၊ အလုပ်ရှာဖွေနေသူတွေနဲ့ ပရိုဖက်ရှင်နယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေတင်မကဘဲ Career နဲ့ Business ပိုင်းမှာ တကယ် အသုံးဝင်မယ့် လစဉ် Webinar တွေကို ပုံမှန် ပြုလုပ်ပေးနေတာဖြစ်လို့ နောက်ထပ် အစီအစဉ်ကောင်းတွေကို မလွတ်စေဖို့ Page လေးကို Like & Follow လုပ်ပြီး ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။ ✨