Showroom Sales Supervisor
Job description
Job Description
Showroom ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲခြင်း။
Showroom အတွင်းရှိ Sales Staff များ၏ လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ပြီး ကြီးကြပ်ခြင်း။
Customer များအား Computer, Laptop, Printer, Networking Devices, Accessories နှင့် IT Products များအကြောင်း မှန်ကန်စွာ ရှင်းလင်းအကြံပြုပေးနိုင်ရန် Sales Team ကို ကြီးကြပ်ပေးခြင်း။
Showroom ၏ Stock အဝင်အထွက်၊ လက်ကျန် Stock နှင့် Product Display များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးကြီးကြပ်ခြင်း။
ပစ္စည်းများ၏ Price, Promotion, Discount နှင့် Warranty Information များကို Sales Staff များမှ မှန်ကန်စွာ အသုံးပြုနိုင်ရန် စောင့်ကြည့်ခြင်း။
Sales Invoice, Order, Payment နှင့် အခြား Showroom စာရွက်စာတမ်းများ မှန်ကန်စွာ ဆောင်ရွက်ထားမှုကို စစ်ဆေးခြင်း။
Showroom ၏ သန့်ရှင်းသပ်ရပ်မှု၊ Product Display နှင့် Customer Service Standard များကို ကြီးကြပ်ခြင်း။
Competitor များ၏ Product, Price, Promotion နှင့် Market Trend များကို လေ့လာပြီး Management ထံသို့ တင်ပြခြင်း။
Daily / Weekly / Monthly Sales Report များကို ပြုစု၍ သက်ဆိုင်ရာ Management ထံသို့ တင်ပြခြင်း။
Requirements
IT Showroom / Retail Sales / IT Products Sales လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 2–3 နှစ် ရှိသူ ဖြစ်ရမည်။
Supervisor / Team Leader အဖြစ် အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
Sales Team ကို ဦးဆောင်ကြီးကြပ်နိုင်သော Leadership Skill ကောင်းမွန်ရမည်။
Customer Service နှင့် Communication Skill ကောင်းမွန်ရမည်။
Negotiation နှင့် Problem-Solving Skill ကောင်းမွန်ရမည်။
Sales Target များကို အာရုံစိုက်ပြီး ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်နိုင်ရမည်
Customer များနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနိုင်သူ ဖြစ်ရမည်။
တာဝန်ယူမှု၊ စည်းကမ်းရှိမှုနှင့် ရိုးသားမှုရှိရမည်။
အလုပ်ကို တက်ကြွစွာ ဆောင်ရွက်နိုင်ပြီး Pressure အောက်တွင် အလုပ်လုပ်နိုင်ရမည်။