Sales Executive
รายละเอียดงาน
Job Description
Customer များအား ရွှေထည်၊ လက်ဝတ်ရတနာနှင့် ဆက်စပ်ပစ္စည်းများ၏ ဒီဇိုင်း၊ အရည်အသွေး၊ ရွှေအမျိုးအစားနှင့် ဈေးနှုန်းများကို တိကျစွာ ရှင်းလင်းပေးခြင်း။
Customer များ၏ လိုအပ်ချက်၊ Budget နှင့် နှစ်သက်မှုများအပေါ်မူတည်၍ သင့်တော်သော ရွှေထည်/လက်ဝတ်ရတနာများကို အကြံပြုပေးခြင်း။
Daily / Weekly / Monthly Sales Target များ ပြည့်မီအောင် ရောင်းချခြင်းနှင့် Sales Performance တိုးတက်စေရန် ကြိုးပမ်းခြင်း။
Customer များအား ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးပြီး Customer Satisfaction နှင့် Customer Relationship ကောင်းမွန်စေရန် ထိန်းသိမ်းခြင်း။
Customer များ၏ ဝယ်ယူမှု၊ Order နှင့် Special Request များကို မှန်ကန်စွာ မှတ်တမ်းတင်ခြင်း။
ရွှေထည်များကို သတ်မှတ်ထားသော လုံခြုံရေးနှင့် ဆိုင်လုပ်ငန်းစည်းမျဉ်းများအတိုင်း ကိုင်တွယ်၊ ပြသ၊ သိမ်းဆည်းခြင်း။
Stock လက်ကျန်များကို စနစ်တကျ စစ်ဆေးပြီး ရွှေထည်ပစ္စည်းများ ပျောက်ဆုံးခြင်း၊ မှားယွင်းခြင်းမရှိစေရန် သတိထားဆောင်ရွက်ခြင်း
Requirements
ဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရမည်။
Sales / Retail Sales / Customer Service လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 1–2 နှစ် ရှိသူ ဦးစားပေးမည်။
Gold Shop / Jewelry / Luxury Retail လုပ်ငန်းအတွေ့အကြုံရှိသူကို ပိုမိုဦးစားပေးမည်။
ရွှေထည်၊ ရွှေအရည်အသွေး၊ အလေးချိန်နှင့် ရွှေဈေးနှုန်းဆိုင်ရာ အခြေခံဗဟုသုတရှိသူ ဖြစ်ရမည်။
Sales Target အပေါ် အာရုံစိုက်ပြီး ရောင်းချနိုင်စွမ်းရှိရမည်။
Customer များနှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံနိုင်ရမည်။
Communication, Negotiation နှင့် Customer Service Skills ကောင်းမွန်ရမည်။
ရောင်းအားမြှင့်တင်ရန် Product Presentation နှင့် Selling Skills ကောင်းမွန်ရမည်။
MS Office အခြေခံအသုံးပြုနိုင်ရမည်။
Team နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ပြီး လုပ်ငန်းခွင်အတွင်း စည်းကမ်းလိုက်နာနိုင်ရမည်။
အလုပ်ချိန်အတွင်း မတ်တပ်ရပ်၍ Customer များအား ဝန်ဆောင်မှုပေးနိုင်ရမည်။