Sales Supervisor
Job description
Description
• Team Supervision: အရောင်းအဖွဲ့ (Sales Team) တစ်ခုလုံး၏ နေ့စဉ်လုပ်ငန်းစဉ်များကို စနစ်တကျ ကြီးကြပ်ကွပ်ကဲပြီး လိုအပ်သော လမ်းညွှန်မှုများ (Guidelines) ကို အနီးကပ်ပေးရမည်။
• Sales & Stock Management: ဖောက်သည်များ (Customers) ၏ လိုအပ်ချက်များ၊ ကုန်ပစ္စည်းလက်ကျန် (Stock) အခြေအနေများနှင့် နေ့စဉ်အရောင်းစာရင်း (Sales Records) များကို တိကျမှန်ကန်မှုရှိစေရန် စနစ်တကျ စိစစ်၊ လမ်းညွှန်၊ ကြီးကြပ်ရမည်။
• Target Achievement: သတ်မှတ်ထားသော လစဉ် အရောင်းပန်းတိုင် (Sales Target) ပြည့်မီစေရန် အရောင်းအဖွဲ့အား ဦးဆောင်ခြင်းနှင့် လုပ်ငန်းခွင် အခက်အခဲများကို ကူညီဖြေရှင်းပေးရမည်။
• Reporting: အရောင်းလှုပ်ရှားမှုများ၊ Sales Team ၏ စွမ်းဆောင်ရည်နှင့် နေ့စဉ်/အပတ်စဉ်/လစဉ် အရောင်းစာရင်းများကို Marketing Manager ထံသို့ စနစ်တကျ အစီရင်ခံတင်ပြရမည်။
Requirements
အသက် (၂ဝ-၃၅) နှစ်အတွင်းရှိ အမျိုးသား/အမျိုးသမီးများ လျှောက်ထားနိုင်ပါသည်။
• အရောင်းပိုင်း (Sales Field) တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်မှ (၃) နှစ်အထက် ရှိရမည်။
• အင်္ဂလိပ်စာအခြေခံကောင်းမွန်ရမည်။
• CCTV, ELV, Electronics, IT Products များအကြောင်း စိတ်ဝင်စားသူဖြစ်ရမည်။
• CCTV, ELV Product များအကြောင်း ကောင်းစွာ နားလည်သူဖြစ်ရမည်။ (CCTV, ELV နယ်ပယ်တွင် အတွေ့အကြုံရှိပါက ပိုဦးစားပေးရွေးချယ်ပါမည်။)
• Sales & Marketing နှင့် ပတ်သက်သော သင်တန်းဆင်းလက်မှတ် (သို့မဟုတ်) Diploma ရရှိထားသူ ဖြစ်ရမည်။
• Customer, Stock နှင့် အရောင်းစာရင်းများကို စနစ်တကျ စိစစ်စီမံနိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်နိုင်သည့် အရည်အချင်း (Leadership & Management Skill) အပြည့်အဝရှိရမည်။
• ကွန်ပျူတာ (Microsoft Word, Excel) ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး Data / Report များကို သပ်ရပ်စွာ ပြုစုတင်ပြနိုင်ရမည်။
• ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving Skill) နှင့် ဆက်သွယ်ပြောဆိုမှု (Communication Skill) အလွန်ကောင်းမွန်ရမည်။
စိတ်ပါဝင်စားသူများအနေဖြင့် မိမိ၏ CV Form၊ ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုမိတ္တူ၊ ပညာအရည်အချင်း အထောက်အထား၊ သင်တန်းဆင်းလက်မှတ်များ၊ လုပ်ငန်းအတွေ့အကြုံအထောက်အထား၊ အလုပ်သမား မှတ်ပုံတင် မိတ္တူ(ရှိလျှင်)၊ မိမိ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ကို အခြေခံ၍ မျှော်မှန်းလစာနှင့်တကွ (၂၅-၁၁-၂ဝ၂၆) နေ့မတိုင်မီ အမြန်ဆုံးပေးပို့ လျှောက်ထားနိုင်ပါသည်။
*အချက်အလက် မပြည့်စုံသော CV Form များအား လက်ခံစဉ်းစားမည်မဟုတ်ပါ။
Benefits
အကျိုးခံစားခွင့်နှင့်
အလုပ်ချိန် (Benefits
& Working Conditions)
- လစာနှင့်
ခံစားခွင့်များ (Salary
& Benefits): - အခြေခံလစာ
(၅-၇) သိန်း - ရက်မှန်ကြေး
(Attendance
Allowance) - Sales
Target Bonus - လုပ်ငန်းစွမ်းဆောင်ရည်အပေါ်
မူတည်၍ ချီးမြှင့်မည့် ဆုကြေး (Performance
Bonus) - အလုပ်ပိတ်ရက် - တစ်ပတ်လျှင် (၁) ရက်
- အလုပ်ချိန်
(Working
Hours): မနက် (၈း၃ဝ) နာရီ မှ ညနေ (၅း၃ဝ) နာရီအထိ။