𝐌𝐞𝐫𝐜𝐮𝐫𝐲 𝐑𝐞𝐭𝐫𝐨𝐠𝐫𝐚𝐝𝐞 ပြီးသွားပြီ... တဖန်ဆန်းသစ်ဖို့အချိန်ရောက်ပြီ
รายละเอียดงาน
𝐌𝐞𝐫𝐜𝐮𝐫𝐲 𝐑𝐞𝐭𝐫𝐨𝐠𝐫𝐚𝐝𝐞 ပြီးသွားပြီ... တဖန်ဆန်းသစ်ဖို့အချိန်ရောက်ပြီ 🪐✨
"𝐌𝐞𝐫𝐜𝐮𝐫𝐲 𝐑𝐞𝐭𝐫𝐨𝐠𝐫𝐚𝐝𝐞 ပြီးသွားပြီဆိုတော့ ငါတော့ စိတ်အေးအေးနေလို့ရပြီ..." ဆိုပြီး တွေးနေတယ်မို့လား?
ဒါပေမဲ့ ခဏလေး... 𝐑𝐞𝐭𝐫𝐨𝐠𝐫𝐚𝐝𝐞 ဆိုတာ ဘာလဲ? တကယ်ရော ကြောက်ဖို့ကောင်းလား? 🤔
💡တကယ်တော့ 𝐌𝐞𝐫𝐜𝐮𝐫𝐲 𝐑𝐞𝐭𝐫𝐨𝐠𝐫𝐚𝐝𝐞 ဆိုတာ ကောင်းကင်မှာ ဗုဒ္ဓဟူးဂြိုဟ် (𝐌𝐞𝐫𝐜𝐮𝐫𝐲) က နောက်ပြန်ဆုတ်သွားသလို မြင်ရတဲ့ "အမြင်ဆိုင်ရာ လှည့်စားမှု (𝐎𝐩𝐭𝐢𝐜𝐚𝐥 𝐈𝐥𝐥𝐮𝐬𝐢𝐨𝐧)" တစ်ခုပါ။
𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲 အရ 𝐌𝐞𝐫𝐜𝐮𝐫𝐲 ဂြိုဟ်ဟာ "ဆက်သွယ်ရေး၊ နည်းပညာနဲ့ စာရွက်စာတမ်း" ကိစ္စရပ်တွေကို စိုးမိုးထားတာကြောင့် ဒီကာလမှာ -
✉ 𝐄𝐦𝐚𝐢𝐥 တွေ မှားပို့မိတာ
👩💼 𝐇𝐑 ဘက်က အကြောင်းပြန်တာ ကြန့်ကြာတာ
💻 𝐏𝐡𝐨𝐧𝐞, 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 တွေ ချို့ယွင်းတာနဲ့
📑 𝐂𝐕 ထဲ စာလုံးပေါင်း အမှားပါသွားတာမျိုးတွေဖြစ်တတ်ပါတယ်။
ဒါပေမဲ့ ၂၀၂၆ ရဲ့ ဒုတိယ 𝐑𝐞𝐭𝐫𝐨𝐠𝐫𝐚𝐝𝐞 ကာလက ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြီးဆုံးသွားပါပြီ။
ခုချိန်က ရှုပ်ထွေးနေတဲ့ လိုင်းတွေ၊ နှောင့်နှေးနေတဲ့ 𝐏𝐫𝐨𝐜𝐞𝐬𝐬 တွေအားလုံး ရှင်းလင်းပြတ်သားပြီး အရှိန်ရလာတော့မယ့်အချိန် ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့... အရင်က ကိုယ်ဘာတွေ လိုအပ်ခဲ့လဲဆိုတာ အချိန်ယူ ပြင်ဆင်ပြီးသွားပြီဆိုရင် အခုအချိန်ဟာ "အရှိန်ပြင်းပြင်းနဲ့ ရှေ့ဆက်ရမယ့် အချိန်" ရောက်ပါပြီ။
📝 ဒါဆို 𝐂𝐚𝐫𝐞𝐞𝐫 ကို 𝐑𝐞𝐟𝐫𝐞𝐬𝐡 လုပ်မယ့် 𝐉𝐨𝐛𝐬𝐞𝐞𝐤𝐞𝐫𝐬 တွေအနေနဲ့ ဒီ (၄) ချက်ကို လုပ်ဆောင်ကြည့်လိုက်ပါ -
𝟏. 𝐂𝐕/𝐑𝐞𝐬𝐮𝐦𝐞 ကို 𝐋𝐚𝐭𝐞𝐬𝐭 𝐔𝐩𝐝𝐚𝐭𝐞 လုပ်ပါ:
ကိုယ့်မှာထပ်တိုးလာတဲ့ 𝐒𝐤𝐢𝐥𝐥 အသစ်တွေ၊ အတွေ့အကြုံတွေကို 𝐂𝐕 ထဲ ထည့်သွင်းပါ။
𝟐. လျှောက်ထားဖူးတဲ့ အလုပ်များကို 𝐅𝐨𝐥𝐥𝐨𝐰-𝐮𝐩 လုပ်ပါ:
ငြိမ်သက်နေခဲ့တဲ့ 𝐇𝐑 တွေ၊ 𝐂𝐨𝐦𝐩𝐚𝐧𝐲 တွေဆီကို ယဉ်ကျေးစွာ 𝐅𝐨𝐥𝐥𝐨𝐰-𝐮𝐩 𝐞𝐦𝐚𝐢𝐥 လေး ပို့ကြည့်ပါ။
𝟑. 𝐉𝐨𝐛 𝐏𝐨𝐫𝐭𝐚𝐥 တွေမှာ အလုပ်အသစ်တွေ ရှာပါ:
ကုမ္ပဏီအများစုဟာ အခုလို ကာလမျိုးမှာလူသစ်တွေခေါ်ပြီး ပွင့်လင်းရာသီအတွက်ပြင်ဆင်လေ့ရှိပါတယ်။
𝟒. 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 အတွက် 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 အပြည့်ပြင်ထားပါ:
ကိုယ့်ရဲ့ အားသာချက်တွေကို ရှင်းလင်းစွာ ပြောပြနိုင်ဖို့ ယုံကြည်မှုရှိရှိ ပြင်ဆင်ထားပါ။
"တကယ်တော့ 𝐑𝐞𝐭𝐫𝐨𝐠𝐫𝐚𝐝𝐞 ဆိုတာ အမှားတွေဖြစ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ငါတို့ရဲ့ တိုးတက်မှုကို ခဏရပ်ပြီး ပြန်လည်စိစစ်ဖို့ (𝐑𝐞𝐯𝐢𝐞𝐰 & 𝐑𝐞𝐟𝐥𝐞𝐜𝐭) အခွင့်အရေး ပေးလိုက်တာပါ။ "
သင့်ရဲ့ 𝐂𝐚𝐫𝐞𝐞𝐫 ခရီးစဉ်အတွက် အသင့်တော်ဆုံး အလုပ်အကိုင်တွေကို 𝐌𝐲𝐉𝐨𝐛𝐬 မှာ အခုပဲ ဝင်ရောက် ရှာဖွေလိုက်ပါ။ 🚀