GETC English Language Schoolថ្ងៃនេះ

ELT Program Administration Officer

ទម្រង់៖ onsite
ប្រភេទការងារ៖ full-time
ទីតាំង៖ មីយ៉ាន់ម៉ា (ភូមា)
ប្រាក់ខែ៖ 1,000,000 MMK–1,200,000 MMK
🔗 ការងារពីប្រព័ន្ធ ATS

ព័ត៌មានលម្អិតការងារ

Description

အလုပ်များစွာကို စနစ်တကျစီစဉ်နိုင်ပြီး လူများနှင့် ကောင်းမွန်စွာညှိနှိုင်းကာ စတင်ထားသည့်အလုပ်ကို ပြီးမြောက်သည်အထိ တာဝန်ယူဆောင်ရွက်နိုင်ပါသလား။

သင့်ရဲ့ စီမံညှိနှိုင်းနိုင်စွမ်း၊ အသေးစိတ်ဂရုစိုက်မှုနှင့် တာဝန်ယူမှုတို့ကို ကလေးများ၏ အင်္ဂလိပ်စာသင်ယူမှုအရည်အသွေး တိုးတက်စေရန် အသုံးချလိုပါက GETC နှင့် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

GETC ၏ Young Learner ELT Programs များ စနစ်တကျလည်ပတ်နိုင်ရန်၊ Instructor များ၏ သတ်မှတ်တာဝန်များ အချိန်မီပြည့်စုံရန်နှင့် ကျောင်းခွဲအားလုံးတွင် GETC ၏ Academic Standards များ တစ်သမတ်တည်း အကောင်အထည်ပေါ်လာရန် ELT Program Administration Officer တစ်ဦးကို ခေါ်ယူနေပါတယ်။

အဓိကတာဝန်များ

၁။ ELT Program လုပ်ငန်းများကို စနစ်တကျ ညှိနှိုင်းစီစဉ်ခြင်း

Instructor များ၊ ကျောင်းခွဲအဖွဲ့များနှင့် Academic Team တို့အကြား ဆက်သွယ်ညှိနှိုင်းပြီး အချိန်ဇယားများ၊ သတ်မှတ်ရက်များနှင့် လိုအပ်သည့်အချက်အလက်များကို ရှင်းလင်းတိကျစွာ အသိပေးရပါမည်။

၂။ Instructor များ၏ တာဝန်ပြီးမြောက်မှုကို စောင့်ကြည့်ခြင်း

အောက်ပါအချက်များကို သတ်မှတ်စံနှုန်းနှင့်အညီ ပြည့်စုံမှုရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးရပါမည်။

• အချိန်မှန်တက်ရောက်မှု
• Lesson Plan နှင့် သင်ခန်းစာကြိုတင်ပြင်ဆင်မှု
• ကျောင်းသားတက်ရောက်မှုမှတ်တမ်း
• အိမ်စာပေးခြင်းနှင့် စစ်ဆေးခြင်း
• Assessment နှင့် အမှတ်ပေးခြင်း
• ကျောင်းသားတိုးတက်မှုမှတ်တမ်း
• Digital Learning Platform အသုံးပြုမှု
• မိဘဆက်သွယ်မှုနှင့် Parent Meeting
• အခြားသတ်မှတ်ထားသော Academic Responsibilities

၃။ လုပ်ငန်းပြီးမြောက်သည်အထိ Follow-up ပြုလုပ်ခြင်း

• တင်ပြလာသည့် Records နှင့် Evidence များကို စစ်ဆေးခြင်း
• မပြည့်စုံသည့်အချက်များကို အချိန်မီအသိပေးခြင်း
• ပြင်ဆင်ပြီးစီးရမည့်ရက် သတ်မှတ်ခြင်း
• ပြင်ဆင်ပြီးသည့် အထောက်အထားများကို ပြန်လည်စစ်ဆေးခြင်း
• ပြည့်စုံမှန်ကန်မှသာ လုပ်ငန်းပြီးစီးကြောင်း အတည်ပြုမှတ်တမ်းတင်ခြင်း

ထပ်တလဲလဲဖြစ်ပေါ်နေသည့် သို့မဟုတ် အရေးကြီးသည့်ပြဿနာများကို သက်ဆိုင်ရာ Management Team ထံ အချက်အလက်နှင့် အထောက်အထားပြည့်စုံစွာ တင်ပြရပါမည်။

၄။ စီမံခန့်ခွဲမှုအတွက် အသုံးဝင်သည့် Report များ ပြုစုခြင်း

• ပြီးစီးပြီးသောလုပ်ငန်းများ
• နောက်ကျနေသောလုပ်ငန်းများ
• ပြင်ဆင်ရန်လိုအပ်ချက်များ
• Follow-up အခြေအနေများ
• Management Support လိုအပ်သည့်အချက်များကို အထောက်အထားနှင့်တကွ အကျဉ်းချုပ်တင်ပြရပါမည်။

Requirements

ကျွန်ုပ်တို့ ရှာဖွေနေသူ

• ကျောင်းသားတိုးတက်မှုနှင့် ပညာရေးအရည်အသွေးကို တန်ဖိုးထားသူ
• တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူ
• အလုပ်ကို စနစ်တကျစီစဉ်ပြီး အသေးစိတ်ဂရုစိုက်တတ်သူ
• ရိုးသားပြီး မိမိကိုယ်ကို ဦးဆောင်နိုင်သူ
• Instructor များနှင့် လေးစားမှုရှိစွာ ဆက်သွယ်ညှိနှိုင်းနိုင်သူ
• လိုအပ်သည့်အခါ ယဉ်ကျေးသော်လည်း ခိုင်မာ၊ ရှင်းလင်းတိကျစွာ ပြောဆိုနိုင်သူ
• သတ်မှတ်ရက်များနှင့် လုပ်ငန်းများစွာကို ဦးစားပေးအစီအစဉ်ချပြီး ရလဒ်ရအောင် စီမံနိုင်သူ
• အလုပ်ပြီးမြောက်မှုကို Record နှင့် Evidence များဖြင့် အတည်ပြုတတ်သူ
• အကြံပြုချက်များကို လက်ခံပြီး ဆက်လက်လေ့လာတိုးတက်လိုသူ

လိုအပ်သည့် အရည်အချင်းနှင့် အတွေ့အကြုံ

• English, Education, Business Administration, Management သို့မဟုတ် ဆက်စပ်ဘာသာရပ်တစ်ခုခုဖြင့် ဘွဲ့ရရှိထားသူ
• ပညာရေးစီမံရေး၊ သင်တန်းညှိနှိုင်းရေး၊ Program Administration သို့မဟုတ် Operations နယ်ပယ်တွင် အတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိသူ
• မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် လုပ်ငန်းဆိုင်ရာ ဆက်သွယ်ပြောဆို၊ ရေးသားနိုင်သူ
• Microsoft Office နှင့် Google Workspace အသုံးပြုနိုင်သူ
• အထူးသဖြင့် Excel သို့မဟုတ် Google Sheets ဖြင့် Tracker နှင့် Report များ ပြုစုနိုင်သူ

သင့်လုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု

သင့်ရဲ့ စနစ်ကျသော စောင့်ကြည့်မှုနှင့် Follow-up ကြောင့် Instructor များ၏ တာဝန်များ အချိန်မီပြည့်စုံလာပြီး ကျောင်းခွဲများအကြား Academic Operations များ ပိုမိုတစ်သမတ်တည်း ဖြစ်လာပါမည်။

လိုအပ်ချက်များကို အချိန်မီဖော်ထုတ်ဖြေရှင်းနိုင်ခြင်းက ကျောင်းသားများ၏ သင်ယူမှုတိုးတက်စေပြီး မိဘများ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေပါမည်။

Benefits

...လစာနှင့် အလုပ်အစီအစဉ်


💰 လစဉ်လစာ — ကျပ် ၁,၀၀၀,၀၀၀ မှ ၁,၂၀၀,၀၀၀


သက်ဆိုင်ရာအတွေ့အကြုံ၊ လက်တွေ့လုပ်ဆောင်နိုင်စွမ်းနှင့် ရာထူးနှင့်ကိုက်ညီမှုအပေါ် မူတည်၍ သတ်မှတ်ပါမည်။



တစ်ပတ်လျှင် ငါးရက်၊ ဗုဒ္ဓဟူးမှ တနင်္ဂနွေအထိ သတ်မှတ်ထားသော GETC ကျောင်းခွဲများတွင် တာဝန်ထမ်းဆောင်ရပါမည်။

📩 လျှောက်ထားရန်


အောက်ပါအချက်များကို ပေးပို့လျှောက်ထားနိုင်ပါသည်။


1. နောက်ဆုံးပြင်ဆင်ထားသော CV

2. ဤရာထူးနှင့် မိမိကိုက်ညီသည့်အကြောင်း အကျဉ်းချုပ်

3. ယခင်အလုပ်တွင် Coordination, Monitoring သို့မဟုတ် Task Completion တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် လက်တွေ့ဥပမာတစ်ခု

4. မိမိပြုစု သို့မဟုတ် စီမံခဲ့သည့် Report, Checklist သို့မဟုတ် Tracker နမူနာရှိပါက ပူးတွဲပေးပို့ရန်

   *(ကိုယ်ရေးအချက်အလက်နှင့် လျှို့ဝှက်အချက်အလက်များကို ဖယ်ရှားထားပါရန်)*

5. လက်ရှိလစာ၊ မျှော်မှန်းလစာနှင့် အလုပ်စတင်နိုင်မည့်ရက်...

នេះជាប្រកាសរបស់អ្នកមែនទេ? កែប្រែ ឬលុបនៅទីនេះ

⚠ ដើម្បីសុវត្ថិភាពរបស់អ្នក

ដាក់ពាក្យតែនៅលើទំព័រផ្លូវការរបស់និយោជកប៉ុណ្ណោះ កុំបង់ប្រាក់ឲ្យអ្នកជ្រើសរើសបុគ្គលិក ហើយកុំប្រគល់ប្រាក់ ឬឯកសារណាមួយ ដើម្បីបានការងារ

1,000,000 MMK–1,200,000 MMK ផុតកំណត់ 21 តុលា 2026
ដាក់ពាក្យនៅប្រភពដើម ↗