I Engineering Myanmar Co.,ltd 2d ago

O&M Manager

Format:Onsite
Work type:Full-time
Grade:Senior
Languages:English C2
Location: Myanmar (Burma)
Salary: Salary not disclosed
Industries
🔗 Vacancy from an ATS

Job description

Description

- Client များ၏ သတ်မှတ်ချက်များနှင့် အရည်အသွေးစံနှုန်းများနှင့်အညီ ဒေသအလိုက် Maintenance Project များကို စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်ခြင်း။
- Project လုပ်ငန်းများ ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာဌာနအတွင်းရှိ အဖွဲ့များနှင့် Client များအကြား ညှိနှိုင်းဆောင်ရွက်ခြင်း။
- ကြိုတင်ကာကွယ်ထိန်းသိမ်းခြင်း (Preventive Maintenance) နှင့် ပျက်စီးချို့ယွင်းမှုများအား ပြုပြင်ထိန်းသိမ်းခြင်း (Corrective Maintenance) လုပ်ငန်းများကို စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ခြင်း။
- Project ဘတ်ဂျက်နှင့် လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ သတ်မှတ်ထားသော KPI နှင့် SLA များ ပြည့်မီစေရန် ကြီးကြပ်ဆောင်ရွက်ခြင်း။
- သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး စံနှုန်းများကို လိုက်နာမှုရှိစေရန် Site များသို့ ပုံမှန်သွားရောက်စစ်ဆေးခြင်း။
- O&M အဖွဲ့များ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန် လမ်းညွှန်သင်ကြားပေးခြင်း၊ ကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်းနှင့် ကြီးကြပ်ပံ့ပိုးခြင်း။
- ကုမ္ပဏီအတွင်း အသုံးပြုရန်နှင့် Client များထံ တင်ပြရန် လိုအပ်သော လုပ်ငန်းအစီရင်ခံစာများနှင့် စာရွက်စာတမ်းများကို အချိန်မီ ပြင်ဆင်တင်ပြခြင်း။

Requirements

- အင်ဂျင်နီယာ ဘွဲ့ရရှိသူ သို့မဟုတ် နည်းပညာ ဒီပလိုမာ ရှိသူဖြစ်ရမည်။
- ဆက်သွယ်ရေးနယ်ပယ် (Telecommunication Industry) တွင် လုပ်သက် အတွေ့အကြုံ အနည်းဆုံး 5 နှစ်ရှိရမည်။
- လုပ်ငန်းလိုအပ်ချက်အရ နယ်တွင်နေထိုင်နိုင်သူဖြစ်ရမည်။
- Microsoft Office ၊ အီးမေးလ်အသုံးပြုခြင်း၊ အင်တာနက်အသုံးပြုခြင်း တို့၌ ကျွမ်းကျင်ရမည်။
- အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရမည် (စာဖတ်၊ စာရေး၊ စကားပြောအပါအဝင်)။

Is this your listing? Update or remove it

⚠ Stay safe

Apply only on the employer's official page. Never pay recruiters or hand over money or documents to get a job.

Salary not disclosed Closes Nov 30, 2026
Apply on source ↗