အကြိမ် ၁၀,၀၀၀ ရှုံးနိမ့်မှုမှ... သမိုင်းဝင် အောင်မြင်မှုဆီသို့...
Job description
အကြိမ် ၁၀,၀၀၀ ရှုံးနိမ့်မှုမှ... သမိုင်းဝင် အောင်မြင်မှုဆီသို့...🚀🎯
အလုပ်လျှောက်လွှာတင်ပြီးတိုင်း Rejected Mail တွေပဲ တရစပ်ရနေလို့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ပြီး စိတ်ဓာတ်ကျနေပြီလားဗျာ❓
"ငါ တကယ်ပဲ အရည်အချင်းမရှိတာလား" လို့ အားငယ်မိတဲ့အခါတိုင်း ပုံထဲက Thomas Edison ရဲ့ သမိုင်းဝင်စကားစုလေးကို အမြဲပြန်သတိရစေချင်ပါတယ်ဗျ။
💡 Edison ဟာ တစ်ကမ္ဘာလုံးကို အလင်းပေးမယ့် လျှပ်စစ်မီးသီးကို တီထွင်ဖို့ ကြိုးစားချိန်မှာ အကြိမ်ပေါင်း ၁၀,၀၀၀ ကျော်အထိ လုံးဝအလုပ်မဖြစ်ဘဲ ကျရှုံးခဲ့ဖူးပါတယ်ဗျာ။
ဘေးလူတွေက ဘယ်လောက်ပဲ ဝိုင်းလှောင်ပြီး လက်လျှော့ဖို့ ပြောပါစေ... သူကတော့ ရှုံးနိမ့်ခြင်းကို လူတွေနဲ့မတူဘဲ ကွဲကွဲပြားပြား မြင်တတ်ခဲ့လို့
"I have not failed. I've just found 10,000 ways that won't work."
လို့ ယုံကြည်မှုအပြည့်နဲ့ တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီဇွဲကြောင့်ပဲ ၁၀,၀၀၁ ကြိမ်မြောက်မှာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ခဲ့တာပါပဲ။
🎯 CV Form တွေ Reject ခံရတာ၊ လူတွေ့စစ်ဆေးမှုမှာ အဆင်မပြေဖြစ်ခဲ့တာတွေဟာ ဘဝရဲ့ ရှုံးနိမ့်ခြင်း မဟုတ်ပါဘူးဗျ။ ကိုယ်နဲ့ မကိုက်ညီသေးတဲ့ နည်းလမ်းတွေ၊ လုပ်ငန်းခွင်တွေကို တစ်ဆင့်ချင်း စိစစ်ဖယ်ထုတ်ရင်း လူမှန်နေရာမှန်ဆီ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။
Edison လိုပဲ ဇွဲမလျှော့ဘဲ ကိုယ့်ရဲ့ Skills နဲ့ Profile ကို ဆက်လက်မြှင့်တင်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရရှိနိုင်ကြပါစေဗျ... 🚀🎯
🌐 Website: www.joimyanmar.com
#Company_Direct_Job_Sharing
#Job_Opportunities_in_Myanmar