TG — MyJobs (Myanmar)วันนี้

𝐓𝐡𝐞 𝐒𝐦𝐚𝐫𝐭 𝐇𝐑: 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝟑” လေးလည်း စည်စည်ကားကားနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ

สถานที่: 🇲🇲 MM
เงินเดือน: ไม่ระบุเงินเดือน
✈ ประกาศจาก Telegram

รายละเอียดงาน

🎉 “𝐓𝐡𝐞 𝐒𝐦𝐚𝐫𝐭 𝐇𝐑: 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝟑” လေးလည်း စည်စည်ကားကားနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ 🎉

ပြီးခဲ့တဲ့ တနင်္လာနေ့ညနေက တင်ဆက်ပေးခဲ့တဲ့ "𝐓𝐡𝐞 𝐒𝐦𝐚𝐫𝐭 𝐇𝐑: 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝟑 - 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 𝐨𝐟 𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭: 𝐌𝐚𝐬𝐭𝐞𝐫𝐢𝐧𝐠 𝐇𝐑 𝐀𝐧𝐚𝐥𝐲𝐭𝐢𝐜𝐬" ကြီးကတော့ ရှေ့က ပွဲတွေအတိုင်းပဲ တက်ရောက်သူတွေရဲ့ စိတ်ဝင်စားမှုတွေနဲ့အတူ တကယ့်ကို စည်စည်ကားကားနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ 🚀✨

ဒီ Webinar လေးကို HR Professionals တွေ၊ မန်နေဂျာတွေနဲ့ လုပ်ငန်းရှင်တွေ စုစုပေါင်း Attendees ၂၀၀ နီးပါး အထိ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းခွင်ထဲက Data-Driven Decision Making ဆိုင်ရာ စိန်ခေါ်မှုတွေကို တက်တက်ကြွကြွနဲ့ အတူတကွ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ 💼📈 သီအိုရီသက်သက် မဟုတ်ဘဲ ဝန်ထမ်းထွက်နှုန်း (Turnover Rate)၊ Performance Appraisal စတဲ့ HR Data တွေကို ဘယ်လိုစုဆောင်း၊ Analytical လုပ်ပြီး လက်တွေ့ Key HR Decisions တွေနဲ့ Budget အသုံးပြုတဲ့နေရာတွေမှာ ခိုင်ခိုင်မာမာ ပြန်လည်အသုံးချမလဲဆိုတာကို Case Studies တွေနဲ့တကွ ဆရာအောင်စည်သူက အသေးစိတ် မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တက်ရောက်သူတိုင်းအတွက် မိမိတို့လုပ်ငန်းခွင်မှာ ချက်ချင်းပြန်လည်အသုံးချနိုင်မယ့် တန်ဖိုးရှိတဲ့ Key Takeaways ကောင်းတွေ အပြည့်အဝ ရရှိခဲ့ကြမှာ အသေအချာပါပဲ။ ⚖️💡

ခေတ်နဲ့အညီ အနာဂတ် Talent Management နဲ့ Predictive Workforce Planning တွေအတွက် တန်ဖိုးရှိလှတဲ့ အတွေ့အကြုံ၊ အသိပညာတွေကို စေတနာအပြည့်နဲ့ အချိန်ပေး မျှဝေပေးခဲ့တဲ့𝐓𝐚𝐥𝐞𝐧𝐭 𝐖𝐨𝐫𝐥𝐝 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 ရဲ့ Founder & CEO ဆရာအောင်စည်သူ ကိုရော၊ webinar လေးကို တက်တက်ကြွကြွနဲ့ အဆုံးထိ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုပါ 𝐌𝐲𝐉𝐨𝐛𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ 🤝💖

𝑷𝒔. နောက်ထပ်လစဉ်ပြုလုပ်ပေးသွားမယ့် HR Webinar တွေကိုလည်း 𝐌𝐲𝐉𝐨𝐛𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 Social Channels တွေကနေ ဆက်လက်ကြေညာပေးသွားမှာ ဖြစ်လို့ Page လေးကို Like & Follow လုပ်ပြီး စောင့်မျှော်ပေးကြပါဦးနော်။ ✨

นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่

⚠ เพื่อความปลอดภัยของคุณ

สมัครงานผ่านหน้าเว็บทางการของนายจ้างเท่านั้น อย่าจ่ายเงินให้ผู้รับสมัครงาน และอย่ามอบเงินหรือเอกสารใด ๆ เพื่อแลกกับการได้งานทำ

ไม่ระบุเงินเดือน ปิดรับสมัคร 11 ก.ย. 2569
สมัครที่ต้นทาง ↗