Underwriting Assistant
Job description
Job Description
- Case များကို သေချာစွာစစ်ဆေးလက်ခံ၍ Cash In စာအုပ်တွင် ရေးသွင်းရန်။
- အာမခံထားငွေနှင့်ပရီမီယံအားတွက်ချက်၍တင်ပြရန်။
- စစ်ဆေးပြီး Case များကို Software တွင် Data သွင်းပြီး Invoice ထုတ်၍ တင်ပြရန်။
- Invoice များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ရန်။
- ပရီမီယံသွင်းပြီးပါက Policy ထုတ်၍ အတည်ပြုလက်မှတ်ရယူရန်။
- လက်မှတ်ရေးထိုးပြီးသော ပေါ်လစီများကို Daily Register တွင်ရေးသွင်းပြီး သတ်မှတ်ထားသည့်အတိုင်း သိမ်းဆည်းရန်။
- သက်တမ်းဆက်ပေါ်လစီစာရင်းအတိုင်း ပေါ်လစီများကိုစုစည်းရန်၊ သက်တမ်းဆက်ပရီမီယံတွက်ချက်ရန်နှင့် သက်တမ်းဆက်အကြောင်းကြားစာထုတ်ရန်။
- အတည်ပြုပြီးသောပေါ်လစီများ၊ သက်တမ်းဆက်များနှင့် သက်တမ်းဆက်အကြောင်းကြားစာများကိုသက်ဆိုင်ရာဌာန များသို့ ပေးပို့ရန်။
- ကျပ်သိန်း (၅၀၀၀) ကျော်သောပေါ်လစီများအား အကျိုးတူအချိုးကျအာမခံပရီမီယံခွဲဝေမှုအားတွက်ချက်ပြီး တင်ပြရန်။
- အတည်ပြုပြီးသော အကျိုးတူအချိုးကျအာမခံပေါ်လစီများကို သက်ဆိုင်ရာ Co insurer ကုမ္ပဏီများထံသို့ ပေးပို့ရန်။
- သက်ဆိုင်ရာ Co insurer များထံမှ ပေးပို့လာသော အကျိုးတူအချိုးကျအာမခံ Case များကို Software Data သွင်း၍ လက်ခံလွှာများထုတ်ပြီး တင်ပြရန်။
- အတည်ပြုပြီးသော လက်ခံလွှာများကို Co insurer များထံသို့ ပေးပို့ရန်။
- နေ့စဉ်ဝင်ငွေစာရင်းကို Daily Income Register တွင်ရေးသွင်းရန်။
- အထက်လူကြီးအဆင့်ဆင့်မှ အခါအားလျော်စွာပေးအပ်သောတာဝန်များကိုထမ်းဆောင်ရန်။
Requirements
- ကျား/မ
- အသက် ၂၀ ~ ၃၀ နှစ်ဝန်းကျင်ဖြစ်ရမည်။
- ဘွဲ့တစ်ခုခုရရှိသူဖြစ်ရမည်။
- အာမခံလုပ်ငန်းအတွေ့အကြုံ ၁ နှစ်ရှိလျှင်ပို၍အဆင်ပြေသည်။ အာမခံလုပ်ငန်းအတွေ့အကြုံ မရှိပါကလည်းလျှောက်ထားနိုင်ပါသည်။
- Computer ကျွမ်းကျင်ရမည်။ (Microsoft Words, Microsoft Excel, Microsoft PowerPoint)
- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
- ခရီးသွားနိုင်ရမည်။