Jupiter Furniture Co., LtdToday

Junior Digital Marketing Executive

Work type: full-time
Grade: junior
Location: Myanmar (Burma)
Salary: MMK 500,000–MMK 700,000
Industries
🔗 Vacancy from an ATS

Job description

Description

About Us:
Jupiter Furniture Co., Ltd သည် အရည်အသွေးမြင့် ပရိဘောဂများကို စိတ်တိုင်းကျ ထုတ်လုပ်ရောင်းချပေးနေသော လူကြိုက်များသည့် Brand တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Digital Marketing Team တွင် ပူးပေါင်းပြီး အတူတူ ကြိုးစားလိုသော တက်ကြွထက်သန်သည့် Junior ဝန်ထမ်းတစ်ဦးကို ဖိတ်ခေါ်အပ်ပါသည်။

Key Responsibilities:
• Social Media (Facebook, Instagram, TikTok) များအတွက် လစဉ် Content Calendar ပါအတိုင်း ပို့စ်တင်ရန် စာသား (Caption) များ ရေးသားခြင်းနှင့် Content စီစဉ်ခြင်း။
• Page သို့ လာရောက်မေးမြန်းသော Customer များ၏ Message နှင့် Comment များကို အချိန်နှင့်တပြေးညီ ယဉ်ကျေးပျူငှာစွာ တာဝန်ယူ ဖြေကြားပေးခြင်း။
• အပတ်စဉ် မားကတ်တင်း ဗီဒီယိုနှင့် ပုံရိပ်များ ဖန်တီးနိုင်ရန် Graphic Designer၊ Video Editor တို့နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်ခြင်း။
• လည်ပတ်နေသော Ads (Facebook/TikTok) Campaign များကို နေ့စဉ် စောင့်ကြည့်စစ်ဆေးပေးခြင်း။
• လအလိုက် ပို့စ်များ၏ Engagement အခြေအနေနှင့် Message ရောက်ရှိမှု Data များကို စုဆောင်းပြီး Report တင်ပြခြင်း။

Requirements

Job Requirements:
• ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
• Digital Marketing နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၆ လမှ ၁ နှစ် ရှိရမည်။ (Fresh Graduate များလည်း ကြိုးစားလိုစိတ်ရှိပါက စဉ်းစားပေးပါမည်)
• Facebook Page, Business Suite နှင့် TikTok သုံးစွဲမှုပိုင်းကို ကျွမ်းကျင်စွာ နားလည်သူ ဖြစ်ရမည်။
• Canva သို့မဟုတ် အခြေခံ Design tool များ သုံးစွဲနိုင်ပါက ဦးစားပေးပါမည်။
• အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး သင်ယူလိုစိတ် အပြည့်ရှိသူ ဖြစ်ရမည်။

Benefits

What We Offer:• အရည်အချင်းနှင့် အတွေ့အကြုံအပေါ် မူတည်၍ ၆ လတစ်ကြိမ်လစာတိုးရှိပါသည်။ • Performance ပေါ်မူတည်၍ အကျိုးခံစားခွင့်နှင့် Bonus များ • လုပ်ငန်းခွင် တိုးတက်မှုအတွက် လေ့လာသင်ယူနိုင်မည့် ပတ်ဝန်းကျင်ကောင်း • နှစ်စဉ် လုပ်သက်ခွင့်နှင့် အလုပ်သမားဥပဒေပါ ခွင့်ရက်များ ခံစားခွင့်ရှိပါမည်။ • Uniform စီစဉ်ပေးပါသည်။ 
လစာ ၅ သိန်း မှ ၇ သိန်း

Is this your listing? Update or remove it

⚠ Stay safe

Apply only on the employer's official page. Never pay recruiters or hand over money or documents to get a job.

MMK 500,000–MMK 700,000 Closes Oct 16, 2026
Apply on source ↗