Studio Receptionist, Studio Admin
รายละเอียดงาน
Description
ကျောင်းသား/သူများ၊ မိဘများနှင့် လာရောက်သည့် ဧည့်သည်များကို နွေးထွေးပျူငှာစွာ ကြိုဆိုရမည်။
အကသင်တန်းများ၊ အချိန်စာရင်း၊ သင်တန်းကြေးနှင့် အစီအစဉ်များအကြောင်းကို ရှင်းလင်းစွာ ပြောပြဆွေးနွေးပေးရမည်။
ကျောင်းအပ်လက်ခံခြင်း၊ စာရင်းသွင်းခြင်းနှင့် အတန်းတက်ရောက်မှု မှတ်တမ်းများ (Attendance) ပြုလုပ်ရမည်။
ဖုန်းခေါ်ဆိုမှုများ၊ မက်ဆေ့ချ်များနှင့် လူကိုယ်တိုင် လာရောက်မေးမြန်းမှုများကို ဖြေကြားပေးရမည်။
သင်တန်းကြေး ကောက်ခံခြင်း၊ ပြေစာထုတ်ပေးခြင်းနှင့် ငွေစာရင်းအသေးစားများ မှတ်တမ်းတင်ခြင်းတို ပြုလုပ်ရမည်။
သင်တန်းအချိန်စာရင်းများနှင့် ပြောင်းလဲမှုများအတွက် ဆရာ/မများ၊ စီမံခန့်ခွဲမှုအဖွဲတိုနှင့် ပေါင်းစပ်ညှိနှိင်းရမည်။
ကြိုဆိုရေးကောင်တာ (Front Desk) ကို သန့်ရှင်းသပ်ရပ်ပြီး ဖော်ရွေသော ဝန်းကျင်ဖြစ်အောင် ထိန်းသိမ်းရမည်။
လိုအပ်ပါက ကျောင်းမှပြုလုပ်သော ပွဲလမ်းသဘင်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဖျော်ဖြေပွဲများတွင် ကူညီပံ့ပိုးပေးရမည်။
Requirements
တက္ကသိုလ်မှ ဘွဲတစ်ခုခု ရရှိထားသူ ဖြစ်ရမည်။ (အခြား ပညာအရည်အချင်း ထပ်ဆောင်းရှိပါက ပိုကောင်းပါသည်)
မြန်မာစကားပြော ပြေပြစ်ကောင်းမွန်ရမည်။ (English စကားပြောဆိုနိုင်ပါက အားသာချက်ဖြစ်သည်)
ဖော်ရွေပြီး စိတ်ရှည်ကာ ဝန်ဆောင်မှုပေးလိုစိတ် အပြည့်ရှိသူ ဖြစ်ရမည်။
ကွန်ပျူတာ အခြေခံ (Microsoft Office, Messaging Apps, Simple Data Entry) ကျွမ်းကျင်ရမည်။
ကလေးများ၊ မိဘများနှင့် ဆရာ/မများနှင့်ပါ အဆင်ပြေစွာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်ရမည်။
တာဝန်ယူစိတ်ရှိပြီး တိကျသေချာကာ အချိန်မှန်သူ ဖြစ်ရမည်။
Receptionist (သိုမဟုတ်) Customer Service နယ်ပယ်တွင် လုပ်သက်ရှိသူကို ဦးစားပေးမည်။
*Working Hours*
အဆိုင်း (Shift) စနစ်ဖြင့် တာဝန်ထမ်းဆောင်နိုင်ရမည်။ (လိုအပ်ပါက ညနေပိုင်းများနှင့် ပိတ်ရက်များတွင် ဆင်းပေးနိုင်ရမည်)
Yankin (သိုမဟုတ်) North Dagon ဆိုင်ခွဲများတွင် တာဝန်ကျမည် ဖြစ်သည်။
Benefits
ဖော်ရွေပြီး ဖန်တီးမှုအားကောင်းသော လုပ်ငန်းခွင်။
အနုပညာနှင့် ပညာရေးကို ဦးစားပေးသော အဖွဲအစည်းတစ်ခုတွင် လက်တွဲလုပ်ကိုင်ခွင့်။
ဝန်ထမ်းများအတွက် အကသင်တန်း လျှော့စျေးများ (Staff Discounts)။
လုပ်ငန်းခွင်အတွင်း တိုးတက်လမ်းစများနှင့် လေ့လာသင်ယူခွင့်များ။
အလုပ်ချိန် - တစ်ပတ်လျှင် ၅ ရက် (မနက် ၉:၀၀ နာရီမှ ညနေ ၇:၀၀ နာရီအထိ)