TG — MyWorld Careers (Myanmar)Today

Recruiter

Location: 🇲🇲 MM
Salary: Salary not disclosed
✈ Vacancy from Telegram

Job description

အလုပ်တစ်ခုကို လျှောက်ထားတဲ့အခါ ကိုယ့်ရဲ့ CV ဟာ Recruiter နဲ့ ပထမဆုံးတွေ့ဆုံရတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် CV မှာအချက်အလက်တွေ အများကြီးထည့်ထားရုံနဲ့ မလုံလောက်ဘဲ Recruiter အနေနဲ့ လိုအပ်တဲ့အချက်တွေကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်ဖို့လည်း အရေးကြီးပါတယ်။

Recruiter တစ်ယောက်က CV တစ်စောင်ကို စကြည့်တဲ့အခါ အဓိကအနေနဲ့
✔️ လျှောက်ထားတဲ့ Position နဲ့ ကိုက်ညီတဲ့ Experience ရှိမရှိ
✔️ သက်ဆိုင်ရာ Skills နဲ့ Qualifications တွေ ရှိမရှိ
✔️ ယခင်လုပ်ငန်းတာဝန်တွေက လျှောက်ထားတဲ့ Role နဲ့ ဆက်စပ်မှုရှိမရှိ
✔️ Career Progression နဲ့ Experience တွေက ရှင်းလင်းမှုရှိမရှိ
✔️ CV Format နဲ့ အချက်အလက်တွေက ဖတ်ရှုရလွယ်ကူမှုရှိမရှိ စတာတွေကို ကြည့်ကြပါတယ်။

ဒါကြောင့် CV ပြင်ဆင်တဲ့အခါ ကိုယ့်ရဲ့ အတွေ့အကြုံအားလုံးကို ထည့်သွင်းဖော်ပြဖို့ထက် လျှောက်ထားတဲ့ Position နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ထင်ရှားအောင် ဖော်ပြထားဖို့ ပိုအရေးကြီးပါတယ်။
CV ကောင်းတစ်စောင်ဆိုတာ အချက်အလက်တွေ အများကြီးပါဝင်တဲ့ CV မဟုတ်ဘဲ ကိုယ့်ရဲ့ သက်ဆိုင်ရာ အရည်အချင်းနဲ့ အတွေ့အကြုံတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးနိုင်တဲ့ CV တစ်စောင် ဖြစ်ပါတယ်။

Is this your listing? Update or remove it

⚠ Stay safe

Apply only on the employer's official page. Never pay recruiters or hand over money or documents to get a job.

Salary not disclosed Closes Sep 25, 2026
Apply on source ↗