TG — MyJobs (Myanmar)วันนี้

𝐈𝐭’𝐬 𝐍𝐨𝐭 𝐀𝐛𝐨𝐮𝐭 𝐘𝐨𝐮𝐫 𝐒𝐢𝐭𝐮𝐚𝐭𝐢𝐨𝐧, 𝐈𝐭’𝐬 𝐀𝐛𝐨𝐮𝐭 𝐘𝐨𝐮𝐫 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐞.

สถานที่: 🇲🇲 MM
เงินเดือน: ไม่ระบุเงินเดือน
✈ ประกาศจาก Telegram

รายละเอียดงาน

“𝐈𝐭’𝐬 𝐍𝐨𝐭 𝐀𝐛𝐨𝐮𝐭 𝐘𝐨𝐮𝐫 𝐒𝐢𝐭𝐮𝐚𝐭𝐢𝐨𝐧, 𝐈𝐭’𝐬 𝐀𝐛𝐨𝐮𝐭 𝐘𝐨𝐮𝐫 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐞.”
ကိုယ့်ရဲ့တုံ့ပြန်ပုံက ပိုအရေးကြီးပါတယ်

လူတိုင်းမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ရှိကြပါတယ်။
တချို့က အခွင့်အလမ်းနည်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတယ်။
တချို့က အလုပ်မှာ ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့ရတယ်။
တချို့က ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်း အခက်အခဲတွေ၊ ဆုံးရှုံးမှုတွေ ရင်ဆိုင်ရတယ်။

ဒါပေမယ့် လူတစ်ယောက်ရဲ့အနာဂတ်ကို အမှန်တကယ်အဆုံးအဖြတ်ပေးတာက သူကြုံတွေ့နေရတဲ့ အခြေအနေတွေက မဟုတ်ပါဘူး။
အဲ့ဒီ အခြေအနေတွေကို သူ ဘယ်လို တုံ့ပြန်သလဲဆိုတာက ပိုအရေးကြီးပါတယ်။

တူညီတဲ့ အခက်အခဲတစ်ခုကို လူနှစ်ယောက် ကြုံနိုင်ပါတယ်။
➕ တစ်ယောက်က အကြောင်းပြချက်တွေ ရှာမယ်။
➖ တစ်ယောက်က ဖြေရှင်းနည်းတွေ ရှာမယ်။
➕ တစ်ယောက်က သင်ခန်းစာ ယူမယ်။
➖ တစ်ယောက်က လက်လျှော့မယ်။
➕ တစ်ယောက်က အခွင့်အလမ်းကို မြင်မယ်။
➖ တစ်ယောက်က ပြဿနာကို မြင်မယ်။

ဘဝမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။
စီးပွားရေး အခြေအနေ။ ကမ္ဘာလုံးဆိုင်ရာ အခြေအနေ။ ဈေးကွက် အပြောင်းအလဲ။ အခြားသူတွေရဲ့ အမြင်။ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ။
ဒါပေမယ့် ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုတော့ အမြဲရှိပါတယ်။ အဲဒါက ကိုယ့်ရဲ့ တုံ့ပြန်ပုံ 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐞 ပါ။
𝐑𝐞𝐬𝐩𝐨𝐧𝐬𝐞 က ကိုယ့်ရဲ့ 𝐂𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫 ကို ဖော်ပြတယ်။
𝐑𝐞𝐬𝐩𝐨𝐧𝐬𝐞 က 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 ကို ပြသတယ်။
𝐑𝐞𝐬𝐩𝐨𝐧𝐬𝐞 က 𝐆𝐫𝐨𝐰𝐭𝐡 ကို ဆုံးဖြတ်ပေးတယ်။

အောင်မြင်သူတွေဟာ ပြဿနာ မရှိတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ ကြုံလာတဲ့ ပြဿနာတွေကို မှန်ကန်တဲ့ 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐞 နဲ့ ရင်ဆိုင်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် အခက်အခဲတစ်ခု ကြုံလာရင် ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

“𝐖𝐡𝐲 𝐢𝐬 𝐭𝐡𝐢𝐬 𝐡𝐚𝐩𝐩𝐞𝐧𝐢𝐧𝐠 𝐭𝐨 𝐦𝐞?” မဟုတ်ဘဲ
“𝐇𝐨𝐰 𝐰𝐢𝐥𝐥 𝐈 𝐫𝐞𝐬𝐩𝐨𝐧𝐝 𝐭𝐨 𝐭𝐡𝐢𝐬?”
အဲဒီ မေးခွန်းကပဲ သင့်ရဲ့ ရလဒ်ကို ပြောင်းလဲပေးနိုင်ပါတယ်။
𝐁𝐞𝐜𝐚𝐮𝐬𝐞 𝐢𝐭’𝐬 𝐧𝐨𝐭 𝐚𝐛𝐨𝐮𝐭 𝐲𝐨𝐮𝐫 𝐬𝐢𝐭𝐮𝐚𝐭𝐢𝐨𝐧. 𝐈𝐭’𝐬 𝐚𝐛𝐨𝐮𝐭 𝐲𝐨𝐮𝐫 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞.

นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่

⚠ เพื่อความปลอดภัยของคุณ

สมัครงานผ่านหน้าเว็บทางการของนายจ้างเท่านั้น อย่าจ่ายเงินให้ผู้รับสมัครงาน และอย่ามอบเงินหรือเอกสารใด ๆ เพื่อแลกกับการได้งานทำ

ไม่ระบุเงินเดือน ปิดรับสมัคร 4 ก.ย. 2569
สมัครที่ต้นทาง ↗