Webinar: Leading through Change
ព័ត៌មានលម្អិតការងារ
ပြောင်းလဲမှုတွေကြားမှာ ဦးဆောင်နေရတဲ့သူတွေအတွက်
🧩 𝐋𝐞𝐚𝐝𝐢𝐧𝐠 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐂𝐡𝐚𝐧𝐠𝐞: 𝐅𝐫𝐨𝐦 𝐑𝐞𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐭𝐨 𝐑𝐞𝐬𝐮𝐥𝐭 (𝐖𝐞𝐛𝐢𝐧𝐚𝐫)
အဖွဲ့အစည်းတစ်ခုဟာ ခေတ်နဲ့အညီ ပိုမိုတိုးတက်ကောင်းမွန်လာဖို့ အပြောင်းအလဲတွေ (Changes) လုပ်ကြတဲ့အခါ Management ပိုင်းနဲ့ HR ပိုင်းတွေမှာ "Resistance" လို့ခေါ်တဲ့ အပြောင်းအလဲကို ဆန့်ကျင်တင်းခံမှုတွေကို အများဆုံးရင်ဆိုင်ကြရပါတယ်။ ဒီ Webinar မှာတော့ ဒီလိုဆန့်ကျင်တင်းခံမှုတွေကို အဟန့်အတား မဖြစ်စေဘဲ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းများအဖြစ် ဘယ်လိုစနစ်တကျ ပြောင်းလဲယူရမလဲဆိုတာကို HR နဲ့ Management နယ်ပယ်မှာ ဝါရင့်ပညာရှင်တဦးဖြစ်တဲ့ 𝐃𝐫. 𝐓𝐢𝐧 𝐌𝐚 𝐌𝐚 𝐒𝐨𝐞 က မျှဝေသွားမှာဖြစ်ပါတယ်။
💡 ဒီ Webinar ကနေ ဘာတွေ Sharing လုပ်ပေးမလဲ?
အပြောင်းအလဲ (Change) ပြုလုပ်ချိန်တွင် ရင်ဆိုင်ရသည့် Resistance ၏ အကြောင်းအရင်းကို နားလည်သဘောပေါက်အောင်ပြုလုပ်ခြင်း။
Change Management ကို နည်းဗျူဟာကျကျ ကိုင်တွယ်ဖြေရှင်းနည်း။
Resistance ကို ရလဒ်ကောင်းများအဖြစ် ပြောင်းလဲယူနည်းတွေကို ဆွေးနွေးပြောကြားပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့်
🎯 Business Owners, CEOs နှင့် Founders များ
🎯 HR Directors, HR Managers နှင့် HR Professionals များ
🎯 Team Leaders, Department Heads နှင့် Management ပိုင်း တာဝန်ရှိသူများ တက်ရောက်သင့်ပါတယ်။
👤 ဆွေးနွေးပြောကြားပေးမယ့် 𝐃𝐫. 𝐓𝐢𝐧 𝐌𝐚 𝐌𝐚 𝐒𝐨𝐞 အကြောင်း အချက်အလက်များ-
💼 HR နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၃၁) နှစ်ကျော် ရှိသည့် ဝါရင့်ပညာရှင်တစ်ဦး ဖြစ်ပါသည်။
🎓 Ph.D (HRM)၊ MBA ဘွဲ့များအပြင် HR၊ စိတ်ပညာနှင့် စီးပွားရေးဥပဒေဆိုင်ရာ ဒီပလိုမာများစွာ ရရှိထားသူ ဖြစ်ပါသည်။
🏢 မြန်မာနိုင်ငံ၏ ထိပ်တန်းကုမ္ပဏီပေါင်း ၁၈၀ ကျော်တွင် HR Setup၊ Restructuring နှင့် Organization Development (OD) များကို တာဝန်ယူဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါသည်။
👔 လက်ရှိတွင် Billion Force Services Co., Ltd. ၏ Managing Director တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။
အပြောင်းအလဲကို ဦးဆောင်မယ့်သူတွေအနေနဲ့ ဒီ Webinar ကို တက်ဖို့အတွက် ကြိုတင် Register လုပ်ထားဖို့လိုပါတယ် 👇
🗓 August 22 (Saturday)
⏰ 8:00 – 10:00 PM
📍 Zoom Online Webinar
🎟️ 𝐅𝐑𝐄𝐄 - ကြိုတင် 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 ပြုလုပ်ထားသူများသာ တက်ရောက်ခွင့်ရပါမယ်။
🔗 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 ပြုလုပ်ရန်:
https://myjobs.com.mm/events/01KY76V2PRPD4BP4T00DD30TJH