Agency Coordinator
รายละเอียดงาน
Job Description
- ရည်မှန်းထားသောကိုယ်စားလှယ်များ၊ ဈေးကွက်များတွင် အလားအလာရှိသော Business Account များကို အောင်မြင်သော သဘောတူညီမှုရရှိစေရန်တာဝန်ယူဆောင်ရွက်ရမည်။
- ကိုယ်စားလှယ်များကို ဆွဲဆောင်နိုင်မည့်လုပ်ငန်းများ၊ ကုမ္ပဏီစာချုပ်များစသည့်ရည်မှန်းထားသော ဈေးကွက်
များကို နားလည်သဘောပေါက်ရမည်။
- လုပ်ငန်းလိုအပ်ချက်များရှိလာလျှင် ဒီဇိုင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရမည်။
- အာမခံကုမ္ပဏီအတွင်း Corporate Agent and Partnership လုပ်ငန်းဆောင်ရွက်ချက်များကို ဦးဆောင်လုပ်ကိုင် ပေးရမည်။
- ကိုယ်တိုင်သွားရောက်၍သော်လည်းကောင်း၊ ဖုန်း၊ အီးမေးလ်ဖြင့်သော်လည်းကောင်း အလားအလာရှိသော ဈေးကွက်များကိုရရှိအောင် ချဉ်းကပ်ဆောင်ရွက်ရမည်။
- လုပ်ငန်းဆောင်ရွက်ချက်များ အဆင်ပြေချောမွေ့အောင် အခြားဌာနများ၊ ရုံးခွဲများနှင့် ပူးပေါင်းဆောင်ရွက်ပေးရမည်။
- လုပ်ငန်းလိုအပ်ချက်အရ ဈေးကွက်နည်းဗျူဟာများ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် B2B (ပြည်တွင်း/ ပြည်ပကုမ္ပဏီများ)၊ Corporate ကိုယ်စားလှယ်များနှင့်ညှိနှိုင်းဆောင်ရွက်ရမည်။
- ကုမ္ပဏီသို့ဝင်ရောက်လာနိုင်သည့် စီးပွားရေးများကိုတိုးတက်ကောင်းမွန်စေရန် တာဝန်ယူလုပ်ဆောင်ပေးရမည်။
- Agency Recruitment, Training & Development and Distribution Team ကိုကြီးကြပ်ဆောင်ရွက်ပေးရမည်။
- ချမှတ်ထားသော Budget နှင့်အညီ သင့်လျော်သော အရောင်းမြှင့်တင်ရေးလုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက် ပေးရမည်။
- အာမခံကိုယ်စားလှယ်များအတွက် Agent Activities, Events များနှင့် Birthday များအား ပူးပေါင်းဆောင်ရွက်ရမည်။
- လုပ်ငန်းကြီးကြပ်သူထံမှ လုပ်ငန်းလိုအပ်ချက်အရ ထပ်မံပေးအပ်သောတာဝန်များကိုလည်း တာဝန်ယူဆောင်ရွက် ပေးရမည်။
Requirements
- ငွေကြေး သို့မဟုတ် အခြားဝန်ဆောင်မှုလုပ်ငန်းတွင် အနည်းဆုံးလုပ်ငန်းအတွေ့အကြုံ 2 နှစ်နှင့်အထက် ရှိရမည်။
- အာမခံလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရမည်။
- အရောင်းမြှင့်တင်ရေး၊ လေ့ကျင့်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအတွေ့အကြုံရှိသူဖြစ်ရမည်။
- ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုစွမ်းရည်ရှိရမည်။
- Presentation နှင့် Motivation Skill ကောင်းမွန်ရမည်။