Myanmar Survey Research 10 วันที่แล้ว

Survey Data Collector

รูปแบบ:Onsite
ประเภทงาน:Contract
ระดับ:Intern
สถานที่: Yangon
เงินเดือน: MMK 300,000–MMK 300,000
✈ ประกาศจาก Telegram

รายละเอียดงาน

📢 Survey Data Collector (Intern) အလုပ်ခေါ်စာ

🏢 Company: Myanmar Survey Research
📌 Job Type: Internship
👥 ခေါ်ယူမည့်လူဦးရေ: ကျား/မ (၂၀) ဦး

📝 Job Description
Myanmar Survey Research (MSR) သည် သုတေသန နယ်ပယ်တွင် စတင်လုပ်ကိုင်လိုသော လူငယ်များအား သုတေသနလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာ မျှဝေပေးပြီး၊ အနာဂတ်တွင် သုတေသနနယ်ပယ် နှင့် Marketing ဆိုင်ရာအလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန် ရည်ရွယ်ပါသည်။ သုတေသနလုပ်ငန်းစဥ်တွင် အချက်အလက် ကောက်ယူ စုဆောင်းခြင်းသည် အခြေခံကျပြီး အရေးကြီးသောအလုပ်ဖြစ်ပါသည်။ သုတေသနဆိုင်ရာ ဗဟုသုတများ၊ နည်းစနစ်များကို သင်ယူလေ့လာရမည်။ လက်တွေ့ ပါဝင်ဆောင်ရွက်ရမည်။

▪️ ဖုန်းဖြင့် ဆက်သွယ်၍ Survey စစ်တမ်းများကို ရှင်းလင်းစွာ မေးမြန်းခြင်း
▪️ ရရှိလာသော အချက်အလက်များကို တိကျ မှန်ကန်စွာ Tablet တွင် ဖြည့်သွင်းခြင်း
▪️ အလုပ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်း
⏰ ရုံးချိန် - နံနက် ၉ နာရီ - ညနေ ၅ နာရီ ၊ တစ်ပတ် (၆) ရက်

🎯 Requirements
🎓 ပညာအရည်အချင်း - အထက်တန်းနှင့် အထက်
(အလုပ် အတွေ့အကြုံမရှိသူများ၊ အဝေးသင်တက်သူများ၊ ကာလတို အလုပ်လုပ်ချင်သူများလည်း လျှောက်ထားနိုင်ပါသည်)

▪️ အသက် (၂၀-၃၀) နှစ်
▪️ ဆက်သွယ်ပြောဆိုမှု ကောင်းမွန်ရမည်။
▪️ မိုဘိုင်းဖုန်း၊ တက်ဘလက် အခြေခံ အသုံးပြုနိုင်ရမည်။
▪️ စိတ်ရှည်သည်းခံပြီး၊ တိကျသေချာစွာ လုပ်ကိုင်လိုစိတ်ရှိရမည်။
▪️ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိရပါမည်။

🎁 Benefits
ဆာဗေးမေးမြန်းသူအဖြစ် လုပ်ကိုင်ပြီး ရရှိမည့် အကျိုးကျေးဇူးများ-

💰 ပညာသင်လစာ - ၃ သိန်း + ကြိုးစားမှုအတွက် ထပ်ဆောင်းချီးမြှင့်ငွေ
▪️ ဝင်‌ငွေ နှင့် သုတေသနလုပ်ငန်းဆိုင်ရာ အခြေခံ ဗဟုသုတများ ရရှိခြင်း
▪️ ဆက်သွယ်ပြောဆိုမှုစွမ်းရည် (Communication Skill) များ တိုးတက်လာခြင်း
▪️ သုတေသနလုပ်ငန်းခွင်၏ ပထမခြေလှမ်းကို စတင်နိုင်ပြီး အတွေ့အကြုံများ ရရှိခြင်း၊ NGO တို့တွင် အလုပ်ရနိုင်သည့် အခွင့်အလမ်းများစွာ ရှိခြင်း။

📩 Apply Information
📧 Mail: hr@myanmarsurveyresearch.com
📍 Address: MSR Office ရန်ကုန်ဘူတာကြီးဝင်းအတွင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่

⚠ เพื่อความปลอดภัยของคุณ

สมัครงานผ่านหน้าเว็บทางการของนายจ้างเท่านั้น อย่าจ่ายเงินให้นายหน้าจัดหางาน และอย่ามอบเงินหรือเอกสารใด ๆ เพื่อแลกกับการได้งานทำ

MMK 300,000–MMK 300,000 ปิดรับสมัคร 8 พ.ย. 2569
สมัครที่ต้นทาง ↗