တစ်ခုရဲ့ Sales Department မှာ အလုပ်အတူဝင်ခဲ့ကြတာ ၂ နှစ်ရှိပြီ။ အရမ်းလည်းခင်ကြတယ်။ နှင်းကတော့ ၃ လ လောက်စောပြီး ဝင်တာပေါ့။ တခုသောနှစ်ကုန် Annual Meeting အပြီးမှာတော့ HR က Announcement တစ်ခု ထုတ်လိုက်ပါတယ်။19 วันที่แล้ว

ရုံးတွင်းက အားကျစိတ်နဲ့ မနာလိုစိတ်ကြားက လိုင်းပါးပါးတစ်ခု

ระดับ: senior
สถานที่: 🇲🇲 MM
เงินเดือน: ไม่ระบุเงินเดือน
✈ ประกาศจาก Telegram

รายละเอียดงาน

“ရုံးတွင်းက အားကျစိတ်နဲ့ မနာလိုစိတ်ကြားက လိုင်းပါးပါးတစ်ခု”

နှင်းနဲ့ ဇင်မာက Company တစ်ခုရဲ့ Sales Department မှာ အလုပ်အတူဝင်ခဲ့ကြတာ ၂ နှစ်ရှိပြီ။ အရမ်းလည်းခင်ကြတယ်။ နှင်းကတော့ ၃ လ လောက်စောပြီး ဝင်တာပေါ့။ တခုသောနှစ်ကုန် Annual Meeting အပြီးမှာတော့ HR က Announcement တစ်ခု ထုတ်လိုက်ပါတယ်။
Sales Department ရဲ့ “Senior Executive Position အတွက် ဇင်မာ့အား Promotion ပေးလိုက်ပါကြောင်း”
Department တစ်ခုလုံးက လက်ခုပ်တီးပြီး ဂုဏ်ပြုကြတယ်။
နှင်းလည်း ပြုံးပြီး Congratulation ပြောလိုက်တယ်။
ဒါပေမယ့် စိတ်ထဲမှာတော့…
“ငါလည်း အတူတူ ကြိုးစားတာပဲ…” ပြီးတော့ ငါကပိုစောဝင်တာ..
“ငါက သူ့ထက် အတွေ့အကြုံ ပိုများတာ မဟုတ်ဘူးလား…”
“ဘာလို့ ငါမဟုတ်တာလဲ…”
အဲ့ဒီညနေမှာ နှင်း အိမ်ပြန်ရင်း စိတ်မကောင်းဖြစ်နေမိတယ်။
နောက်နေ့ ရုံးရောက်တော့ Manager က နှင်းကိုခေါ်စကားပြောတယ်။
“နှင်းလည်း အရည်အချင်းရှိတယ်။ ဒါပေမယ့် ဇင်မာ Promotion ရတာက Sales Result တစ်ခုတည်းကြောင့် မဟုတ်ဘူး။ သူက Team Projects တွေမှာ တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားတယ်၊ အလုပ်နဲ့ဆိုင်တဲ့ New Skills တွေ ထပ်သင်ယူတယ်၊ Challenges တွေကို လိုလိုလားလားလက်ခံတယ်၊ အခြားသူတွေလည်း တိုးတက်လာအောင်လက်တွဲခေါ်တယ်။”
အဲ့ဒီအချိန်မှ နှင်း သဘောပေါက်သွားတယ်။
သူ မနာလိုဖြစ်နေတာက ဇင်မာ့ရဲ့ အောင်မြင်မှုကိုပဲ ကြည့်နေတာ။ ဒါပေမယ့် ဇင်မာ လုပ်ခဲ့တဲ့ ကြိုးစားမှုတွေကိုတော့ မမြင်ခဲ့ဘူး။
အဲ့ဒီနေ့ကစပြီး…
“ဘာလို့ သူရတာလဲ?” ဆိုတဲ့ မေးခွန်းကို
“သူ ဘာလုပ်ခဲ့လို့ ရတာလဲ?” ဆိုပြီး ပြောင်းမေးလိုက်တယ်။
ဒီလိုနဲ့ တစ်နှစ်အကြာမှာ…
Promotion Announcement ထဲမှာ နှင်းရဲ့ နာမည်လည်း ပါလာပါခဲ့တယ်။

ရုံးတွင်းမှာ အားကျစိတ်နဲ့ မနာလိုစိတ်ကြားက လိုင်းက အရမ်းပါးပါတယ်။

👉 “သူလုပ်နိုင်ရင် ငါလည်း လုပ်နိုင်တယ်” ဆိုတာက အားကျစိတ် (Inspiration)
👉 “ဘာလို့ သူရတာလဲ? ငါမရတာက ဘာလို့လဲ?” ဆိုတာက မနာလိုစိတ် (Jealousy)
ခံစားချက်နှစ်ခုလုံးက လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်…
အားကျစိတ် က ကိုယ့်ကို ပိုကောင်းအောင် တွန်းအားပေးတယ်။
မနာလိုစိတ် က တခြားသူကို အောက်ဆွဲချချင်စိတ် ဖြစ်စေတယ်။
ရုံးတွင်းမှာ တိုးတက်နေတဲ့ လူတွေကို တွေ့တဲ့အခါ သူတို့ရဲ့ အောင်မြင်မှုကို ခြိမ်းခြောက်မှုတစ်ခုလို မမြင်ဘဲ သင်ယူစရာ ဥပမာတစ်ခုလို မြင်နိုင်ရင် ကိုယ့်ရဲ့ Career Growth ကလည်း ပိုမြန်လာပါတယ်။

တခြားသူရဲ့ အောင်မြင်မှုဟာ ကိုယ့်ရဲ့ အခွင့်အရေးကို လျော့မသွားစေပါဘူး။

นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่

⚠ เพื่อความปลอดภัยของคุณ

สมัครงานผ่านหน้าเว็บทางการของนายจ้างเท่านั้น อย่าจ่ายเงินให้ผู้รับสมัครงาน และอย่ามอบเงินหรือเอกสารใด ๆ เพื่อแลกกับการได้งานทำ

ไม่ระบุเงินเดือน ปิดรับสมัคร 21 ส.ค. 2569
สมัครที่ต้นทาง ↗