HR Assistant Manager, HR Officer
Job description
Description
ရာထူး၏ အဓိကရည်ရွယ်ချက် (Job Purpose)
ရွှေတံတား၏ အနှစ်သာရတန်ဖိုးများ (3 Do's) နှင့်အညီ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုစနစ်များ ပီပြင်ခိုင်မာစေရန်၊ ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ပြီး စွမ်းဆောင်ရည် အမြင့်ဆုံးထုတ်ဖော်နိုင်သည့် လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ရပ် တည်ဆောက်ရန် ဖြစ်ပါသည်။
အဓိက လုပ်ငန်းတာဝန်များ (Key Responsibilities based on Our "3 Do's")
၁။ Do the Right Thing (မှန်ကန်သောအရာကို ရဲဝံ့စွာ လုပ်ဆောင်ခြင်း - Integrity & Fairness)
- သာတူညီမျှမူဝါဒနှင့်အညီ ဘက်လိုက်မှုကင်းစွာဖြင့် အရည်အချင်းနှင့် ကုမ္ပဏီတန်ဖိုးထားမှု ကိုက်ညီသူများကိုသာ စိစစ်ရွေးချယ်ခန့်ထားခြင်း။
- ဝန်ထမ်းလက်စွဲစာအုပ်၊ ဝန်ထမ်းကျင့်ဝတ် (Code of Conduct) နှင့် အလုပ်သမားဥပဒေများကို တိကျစွာ လိုက်နာကျင့်သုံးစေပြီး၊ လုပ်ငန်းခွင်အတွင်း အဆိပ်အတောက်ဖြစ်စေသော အပြုအမူများ (Toxic Culture) ကင်းရှင်းစေရန် ဓမ္မဓိဋ္ဌာန်ကျကျ ထိန်းကျောင်းဖြေရှင်းခြင်း။
၂။ Do the Things Right (အလုပ်ကို စနစ်တကျ မှန်ကန်စွာ လုပ်ဆောင်ခြင်း - Systematic Execution)
- လစဉ် လဆန်း (၅) ရက်နေ့မတိုင်မီ လစာထုတ်ပေးနိုင်ရေးအတွက် နေ့စဉ် အလုပ်တက်/ဆင်း မှတ်တမ်းများ၊ ခွင့်စာရင်းများနှင့် ဌာနအလိုက် လစဉ် KPI ရမှတ်များကို သတ်မှတ်ရက်ထက် (၅) ရက်ကြိုတင်၍ စနစ်တကျ စုဆောင်းစိစစ်ခြင်း။
- ဝန်ထမ်းသစ် စတင်ဝင်ရောက်သည့် ပထမပတ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည် သဘောတူညီချက် (Performance Agreement) ချုပ်ဆိုစေခြင်း၊ အစမ်းခန့်ကာလအတွင်း ပုံမှန်စောင့်ကြည့် အကဲဖြတ်ခြင်းနှင့် နှစ်ဝက်/နှစ်ချုပ် Performance Appraisal များကို အချိန်မီ အကောင်အထည်ဖော်ခြင်း။
- ဝန်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်ရေးဖိုင်များ (Physical & Digital) အပြည့်အစုံ ထိန်းသိမ်းခြင်းနှင့် လစဉ် HR အစီရင်ခံစာများ (Manpower, Turnover, KPI Reports) ကို တိကျစွာ ပြုစုတင်ပြခြင်း။
- (HR Assistant Manager လျှောက်ထားသူများအတွက် သီးသန့်) အပတ်စဉ် စီမံခန့်ခွဲမှုကော်မတီ (MEC) အစည်းအဝေးများတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးပြီး ဌာနအချင်းချင်းကြားရှိ HR ဆိုင်ရာ အခက်အခဲများကို အဖြေရှာ ညှိနှိုင်းပေးခြင်း။
၃။ Do What You Love (မိမိအလုပ်ကို မြတ်နိုးခြင်း - People Care & Engagement)
- ဝန်ထမ်းများကို အဓိကဖောက်သည် (Internal Customer) အဖြစ် သဘောထား၍ ရုံးချုပ်နှင့် ဆိုင်ခွဲများသို့ ပုံမှန်ကွင်းဆင်းကာ ဝန်ထမ်းများ၏ အသံနှင့် အခက်အခဲများကို နားထောင်ပေးခြင်း (Open Door Policy)။
- ဝန်ထမ်းသစ် မိတ်ဆက်သင်တန်း (Orientation) များကို စိတ်ဝင်စားဖွယ် စီစဉ်ခြင်း၊ တစ်နှစ်လျှင် သင်တန်းချိန် အနည်းဆုံး (၃၆) နာရီ ပြည့်မီစေရေး ပံ့ပိုးခြင်းနှင့် ဝန်ထမ်းများ စိတ်ဓာတ်တက်ကြွစေမည့် Engagement အစီအစဉ်များကို စေတနာပါပါ ဖန်တီးဖော်ဆောင်ခြင်း။
Requirements
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ။
HR လုပ်ငန်းအတွေ့အကြုံ Officer အဆင့်အတွက် အနည်းဆုံး (၁) နှစ်၊ Assistant Manager အဆင့်အတွက် အနည်းဆုံး (၂) နှစ် (Retail သို့မဟုတ် ဆိုင်ခွဲများစွာရှိသော လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်)။
မြန်မာနိုင်ငံ အလုပ်သမားဥပဒေများကို ကောင်းစွာနားလည်ပြီး Microsoft Excel, HR Software/App များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး အလုပ်ဖိအားဒဏ်ကို ခံနိုင်ရည်ရှိကာ ပြဿနာများကို စနစ်တကျ ဖြေရှင်းနိုင်စွမ်း ရှိရမည်။
Benefits
ကုမ္ပဏီအဆောင်ရှိသည် (လိုအပ်ပါက လျှောက်ထားနိုင်သည်)။ ဥပဒေပါ ခံစားခွင့်များဖြစ်သော ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့် စသော ခွင့်ရက်ခံစားခွင့်များ၊ အများပြည်သူအားလပ်ရက်များတွင် အလုပ်ဆင်းရပါက သတ်မှတ်ထားသည့် ခံစားခွင့်များ စသည်တို့ ရရှိပါမည်။ ကုမ္ပဏီ၏ စည်းမျဉ်းမူဝါဒများအရ လိုအပ်လျှင် ကုမ္ပဏီအစီအစဉ် ထောက်ပံ့မှုဖြင့် ပြင်ပသင်တန်းများ စေလွှတ်တက်ရောက်စေမည် ဖြစ်ပါသည်။ ကုမ္ပဏီတွင်းရှိ ဝန်ထမ်းများ ပိုမိုမြင့်မားသော တာဝန်များ ထမ်းဆောင်နိုင်စေရေးအတွက် ရာထူးတိုးမြှင့်ရေးမူဝါဒဖြင့် ချမှတ်လုပ်ဆောင်လျက် ရှိပါသည်။
ကုမ္ပဏီအကြောင်း အကျဉ်းချုပ်၁၉၉၅ ခုနှစ်မှစတင်တည်ထောင်ခဲ့သော "ရွှေတံတား" စိန်ရွှေရတနာဆိုင် နှင့် လိုင်စင်ရအပေါင်လုပ်ငန်းသည် မိရိုးဖလာစီးပွားရေးမှ ခေတ်မီစနစ်အခြေပြု လုပ်ငန်းစုကြီးအဖြစ် အရှိန်အဟုန်ဖြင့် ကူးပြောင်းလျက်ရှိပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာ့ထိပ်တန်း အမှတ်တံဆိပ် ဖြစ်လာစေရန်ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင်၊ ကုမ္ပဏီနှင့် ဝန်ထမ်းများအကြား ခိုင်မာသော "ပေါင်းကူးတံတား" အဖြစ် ဦးဆောင်ပေးနိုင်မည့် သွက်လက်တက်ကြွသော HR ပညာရှင်များကို ဖိတ်ခေါ်လျက်ရှိပါသည်။