TG — Job Vacancy Myanmar (Thailand)2mo ago

Job Hunting Advice for Service Staff

Format: onsite
Location: 🇹🇭 Bangkok
Salary: Salary not disclosed
✈ Vacancy from Telegram

Job description

job hunting route

ဒီနေ့ကျွန်တော် အလုပ်လ်ုအပ်နေတဲ့ ဘန်ကောက်ရောက်မြန်မာလေးတွေအတွက် job hunting route လေး အချိန်ရတုန်း အထောက်အကူဖြစ်စေရန်ရေးပေးလိုက်ပါတယ်ခင်ဗျာ။

Group လေးတွေမှာခပ်စိတ်စိတ်တွေ့လာရတယ် လူငယ်အချို့ walkin လူစုပြီးအလုပ်ရှာကြမယ် ဆိုတာလေးတွေကြောင့် နေပူထဲ ပင်ပန်းခံပြီးအလုပ်မရတဲ့အခါ စိတ်ရောလူရောပင်ပန်းပြီး စိတ်ဓာတ်ကျမဖြစ်စေချင်တာကြောင့်ပါ။

Central Bangkok Job Zones တွေကိုအထူးသွားကြည့်ဖို့လိုအပ်ပါတယ်။

🚨Service staff ပိုင်း အလုပ်တွေအတွက်ဆို
#1 job zone လို့ပြောလို့ရတဲ့နေရာကတော့ Siam Area ပါ။
Siam Square / Siam Center / MBK တို့ကိုအချိန်ပေးပြီး check လုပ်ကြည့်ပါ။အချို့ဆိုင်တွေ A4 စာရွက်တွေနဲ့ကပ်ပြီး လူခေါ်ထားတာတွေရှိပါတယ်။
BTS နဲ့သွားမယ်ဆိုရင် Siam Station မှာဆင်းရပါမယ်ခင်ဗျာ။
🚨Waiter/Barista/Hotel staff position အတွက်ဆိုရင်တော့
#2 Foreigner zone လို့ပြောလို့ရတဲ့ Sukhumvit Area ကို Chack လုပ်ပါ။
Nana / Asok / Phrom Phong တို့ဘက် အထက်ပါ Position တွေအတွက် အလုပ်များပါတယ်။
Foreign customers များတဲ့အတွက် → English ပြောနိင်ရင် Bar / cafe / restaurant / hotel ပိုင်းတွေရနိင်​တြယ်။

🚨Restaurant/Cafe/Office helper Position တွေအတွက်ဆိုရင်တော့
#3 SILOM ( Office + night life)တွေများပါတယ်။
နံနက်ပိုင်းဆို office crowd တွေနဲ့အလုပ်ရှုတ်နေပြီး
ညပိုင်းတွေမှာတော့ restaurant / bar busy အဖြစ်ဆုံးနေရာပါ။
BTS: Sala Daengမှာဆင်းလို့ရပါတယ်။

🚨Shop helper/Food stall position တွေအတွက်ဆိုရင်တော့
CHATUCHAK Area ကို Check ပါ။
Weekend jobs နဲ့ Street food / shop တွေများပါတယ်။
JJ Market နဲ့ Mo chit / chatuchak စျေးတွေရှိပါတယ်။

🚨 Platinum Area
ဒါကတော့မသိသလောက်ရှားတဲ့နေရာဖြစ်ပြီး စျေးဝယ်များတဲ့နေရာပါ။
Shop helper နဲ့ promoter position နဲ့ အခြား မတူညီတဲ့ Position တွေလည်းရှိပါတယ်။ Platinum Mall / Baiyoke ရှိတာကြောင့် နေ့ည အလုပ်တွေပေါပါတယ်။

ကဲဒါဆို အလုပ်လျေှာက်ရမဲ့နေရာတွေသိပြီ ဘယ်လိုစထွက်ရမလည်း Time / budge နဲ့ energy ကို ဘယ်လို Management လုပ်ရမလဲ?
🚨 Pro Tip အနေနဲ့ ဘန်ကောက်မှာ အလုပ်လျေှာက်မယ်ဆိုရင် Morning (10AM–1PM) အချိန်ကအကောင်းဆုံးအချိန်ပါ။Monday–Friday → HR ရှိတတ်ပါတယ်။
ဒါဆိုရင် Siam / Sukhumvit / Silom ၃ နေရာလုံးကို တရက်ထဲ ဘယ်လိုလျောက်မလည်း။

10 နာရီ ကနေ ၁၂ခွဲကို တစ်ပိုင်းပိုင်းပါမယ်။
📍စထွက် Siam
⛳ Target - siam square / siam center / MBK
🎯 ၁၀ ဆိုင်ကိုမဖြစ်မနေဝင်မေးပါ။

🍜 Lunch break (12:30 – 1:30)
Cheap food court မှာစား
Energy save ဒါကအရေးကြီးပါတယ်။ အင်အားကုန်ခမ်းလို့လည်းမဖြစ်ပါဘူး။

နားပြီးရင်
🚆 Afternoon (1:30 – 4:00)
📍 Asok (Sukhumvit line) ကိုပြန်ထွက်ပါ
👉 Target - Terminal 21 mall/Street restaurants
🎯 Restaurant / cafe ဆိုင်တိုင်းကို Action ယူပါ ဝင်မေးပါ

မိနစ် ၃၀ နားပါ

🌆 Evening (4:30 – 6:30) ပြန်ထွက်ပါမယ်
📍 Silom
👉 Office area restaurants Cafe / bar တွေကို ဝင်မေးပါ Action ယူပါ။
Dinner shift hiring များပါတယ်။

တရက်ထဲကို 15ဆိုင် ၊ ၃၀ လောက်ကို Cv drop နိင်ရင်
2–5 interviews chanceရှိနိင်ပါတယ်။

💡 Pro Tips (အရေးကြီးတာက)
👕 Dress: clean shirt + jeans သို့မဟုတ် ကောင်းကောင်းနဲ့ပေါ့ပေါ့ပါးပါးဝတ်သွားပါ။
😊 ပြုံးဖို့မမေ့ပါနဲ့ first impression = 50%
📩 CV ဒါကတော့အရေးကြီးဆုံးပါပဲ သေသပ်တဲ့CV တစောင်စီ Drop နိင်ဖို့လိုပါတယ်။ စာရွက်ထုတ်ပြီး လက်ကမ်းပေးနိင်ရင်ပိုပြေမှာပါ။
🕙 အလုပ်လျေှာက်ဖို့အကောင်းဆုံးအချိန်ကတော့ 10AM – 2PM ပါ တနေ့တာ Route တော့ရေးပေးထားပါတယ် အဆင်ပြေသလို Try နိင်ပါတယ်။

ကျွန်တော့်ရဲ့job hunting route အဆင်ပြေနိင်မယ်ထင်ပါတယ်။လိုအပ်ချက်တွေရှိလည်း နားလည်ပေးဖို့မျေှာ်လင့်ပါတယ်။ အလုပ်ရှာနေကြတဲ့ ညိအကိုမောင်နမ တွေအဆင်ပြေစေရန် သိတတ်သလောက်လေး Share ပေးခြင်းဖြသ်ပါတယ်ခင်ဗျာ။

အဆင်ပြေကြပါစေ။
Waiter / Waitress နဲ့ Service position တွေအတွက် သိချင်တာ သို့ မသိတာရှိလည်း လွတ်လပ်စွာ Cb လာရောက်မေးမြန်းနိင်ပါတယ်ခင်ဗျာ။ https://www.facebook.com/share/p/1CYT7TNwsW/

Is this your listing? Update or remove it

⚠ Stay safe

Apply only on the employer's official page. Never pay recruiters or hand over money or documents to get a job.

Salary not disclosed Closes Jul 17, 2026
Apply on source ↗