TG — JOIM (Myanmar)15 วันที่แล้ว

JOIM #GenZWorkplace #LeadershipTips #HRMyanmar #WorkplaceCulture #TalentSourcing #JOIM_Team

ระดับ: lead
สถานที่: 🇲🇲 MM
เงินเดือน: ไม่ระบุเงินเดือน
✈ ประกาศจาก Telegram

รายละเอียดงาน

🚨 Gen Z ဝန်ထမ်းတွေကို အကောင်းဆုံး ဘယ်လို Lead မလဲ❓🚀 လက်ရှိလုပ်ငန်းခွင်တွေထဲကို Gen Z လူငယ်တွေ တဖြည်းဖြည်း အလုံးအရင်းနဲ့ ဝင်ရောက်လာတာနဲ့အမျှ မန်နေဂျာတွေနဲ့ HR တွေအတွက် သူတို့ရဲ့ အလုပ်လုပ်ပုံစံကို နားလည်ပြီး အောင်မြင်အောင် ဦးဆောင်ဖို့က စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်လာပါတယ်ဗျာ။ Gen Z ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးအထိ ဆွဲတင်ပေးနိုင်မယ့် ခေတ်သစ်ခေါင်းဆောင်မှု နည်းလမ်းကောင်းလေးတွေကို JOIM ကနေ မျှဝေပေးလိုက်ပါတယ်ဗျာ။ 🎯✨ 💡 Gen Z Talent တွေကို ထိရောက်စွာ ဦးဆောင်နိုင်မယ့် နည်းလမ်းများ 🎯 "Why" ကို အရင်ရှင်းပြပါ: Gen Z တွေဟာ အလုပ်တစ်ခုကို ညွှန်ကြားချက်အတိုင်း ပြီးစလွယ်လုပ်ရတာထက် ဒီအလုပ်က ဘယ်လောက်အရေးပါလဲ၊ ဘာကြောင့်လုပ်ရတာလဲဆိုတဲ့ Impact ကို သေချာသိရရင် ပိုပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်ကြပါတယ်။ 🤝 လိုရင်းတိုရှင်းနဲ့ ပွင့်လင်းတဲ့ Feedback ပေးပါ: လိုအပ်တာထက် ပိုပြီး ရှည်ရှည်ဝေးဝေး ပြောတာမျိုးထက် စာရင် အမှားအမှန်ကို လိုရင်းတိုရှင်း၊ ပွင့်ပွင့်လင်းလင်းနဲ့ လမ်းကြောင်းမှန်ပြပေးမယ့် ဆက်ဆံရေးမျိုးကို ပိုမိုသဘောကျကြပါတယ်။ 🎓 Skills မြှင့်တင်ခွင့်နဲ့ တိုးတက်မှုကို လမ်းဖွင့်ပေးပါ: ကိုယ်ပိုင်အရည်အချင်း တိုးတက်မှုကို အလွန်အလေးထားတာမို့ လုပ်ငန်းခွင်မှာ အသစ်သစ်သောပညာရပ်တွေ သင်ယူနိုင်ဖို့ ပံ့ပိုးပေးပါ။ 🌿 Mental Health နဲ့ မျှတမှုကို တန်ဖိုးထားပါ: သူတို့ဟာ အလုပ်ထဲမှာပဲ အချိန်ပြည့် နစ်မြုပ်နေတာထက် စိတ်ကျန်းမာရေး၊ အလုပ်နဲ့ ကိုယ်ပိုင်အချိန် မျှတမှုကို အဓိကဦးစားပေးလေ့ ရှိတာမို့ ကိုယ်ပိုင်နယ်နိမိတ်ကို လေးစားပေးဖို့ လိုအပ်ပါတယ်။ ခေတ်သစ်လုပ်ငန်းခွင် ယဉ်ကျေးမှုနဲ့အညီ လိုက်လျောညီထွေ ရှိပြီး ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးနဲ့ တိုးတက်မှုကို ရှေးရှုတဲ့ ကုမ္ပဏီတွေဟာ အရည်အချင်းရှိတဲ့ ခေတ်သစ်လူငယ် ဝန်ထမ်းကောင်းတွေကို ပိုမိုဆွဲဆောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်ဗျာ။ 🚀🎯 လုပ်ငန်းခွင်အတွက် တက်ကြွထက်မြက်တဲ့ ခေတ်သစ် Talent တွေကို အချိန်တိုအတွင်း ရှာဖွေဖို့ JOIM မှာ အခုပဲ အလုပ်ခေါ်စာ တင်လိုက်ပါဗျ! 💼✨ #JOIM #GenZWorkplace #LeadershipTips #HRMyanmar #WorkplaceCulture #TalentSourcing #JOIM_Team

นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่

⚠ เพื่อความปลอดภัยของคุณ

สมัครงานผ่านหน้าเว็บทางการของนายจ้างเท่านั้น อย่าจ่ายเงินให้ผู้รับสมัครงาน และอย่ามอบเงินหรือเอกสารใด ๆ เพื่อแลกกับการได้งานทำ

ไม่ระบุเงินเดือน ปิดรับสมัคร 25 ส.ค. 2569
สมัครที่ต้นทาง ↗