← กลับไปที่หน้ารายการงาน
T
MyJobsMyanmar #Upskill #Reskill #CareerTips #JobSeekers #CareerGrowth #MyanmarJobs
Upskill နဲ့ Reskill ဘာကွာလဲ? Career အတွက် ဘာက ပိုလိုအပ်လဲ?
"ဒီခေတ်မှာ Skill တွေ အမြဲ မြှင့်တင်နေရမယ်၊ လေ့လာနေရမယ်" ဆိုတာ တော်တော်များများကြားဖူးကြမှာပါ။
ဒါပေမဲ့ ကိုယ်လုပ်နေတာက 𝐔𝐩𝐬𝐤𝐢𝐥𝐥 လား? 𝐑𝐞𝐬𝐤𝐢𝐥𝐥 လား? ဆိုတာ သေချာသိဖို့လိုပါတယ် 🤔
ဒီနှစ်ခုက ရည်ရွယ်ချက် လုံးဝမတူတာကြောင့် ကိုယ့် Career လမ်းကြောင်းပေါ် မူတည်ပြီး မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။
ဒါကြောင့် ဒီနေ့မှာ 𝐔𝐩𝐬𝐤𝐢𝐥𝐥 နဲ့ 𝐑𝐞𝐬𝐤𝐢𝐥𝐥 အကြောင်းကို ခွဲခြားသိသွားအောင် ပြောပြပေးချင်ပါတယ် 👇
1️⃣ 𝐔𝐩𝐬𝐤𝐢𝐥𝐥 ဆိုတာ (ရှိပြီးသား အရည်အသွေးကို ထပ်မြှင့်တာ) 📈
"လက်ရှိ အလုပ်မှာပဲ ပိုတော်အောင်၊ ပိုကျွမ်းကျင်အောင် လုပ်တာ"
ဘယ်သူတွေ လုပ်သင့်လဲ: လက်ရှိ အလုပ်ကို သဘောကျတယ်၊ ဒီနယ်ပယ်မှာပဲ ရာထူးတိုး၊ လစာတိုးချင်သူတွေ။
ဥပမာ: Content Writer တစ်ယောက်က AI Tools တွေနဲ့ SEO နည်းပညာကို ထပ်သင်တာ။
𝐆𝐨𝐚𝐥: Expert/Specialist ဖြစ်လာဖို့နဲ့ ရာထူး တိုးတက်ဖို့။
2️⃣ Reskill ဆိုတာ (ကျွမ်းကျင်မှု အသစ်ကို ပြောင်းလဲသင်ယူတာ) 🔄
"မတူညီတဲ့ ရာထူး/နယ်ပယ် အသစ်တစ်ခုဆီ ကူးပြောင်းဖို့ စတင်တာ"
ဘယ်သူတွေ လုပ်သင့်လဲ: Career ပြောင်းချင်သူတွေ သို့မဟုတ် လက်ရှိအလုပ်က ခေတ်မမှီတော့လို့ နယ်ပယ်အသစ် ကူးချင်သူတွေ။
ဥပမာ: Customer Service လုပ်နေရာကနေ Digital Marketer အဖြစ် ပြောင်းဖို့ အစကနေ ပြန်သင်တာ။
𝐆𝐨𝐚𝐥: Career Change လုပ်ဖို့ (နယ်ပယ်အသစ်ဆီ ကူးပြောင်းဖို့)။
💡 ကိုယ့် Career အတွက် ဘာက ပိုလိုအပ်နေလဲဆိုတာသိနိုင်ဖို့အတွက်ဆိုရင်
ကိုယ်က
1️⃣ လက်ရှိ အသက်မွေးဝမ်းကျောင်းကို သဘောကျတယ်။
1️⃣ ခေတ်ပေါ် နည်းပညာအသစ်တွေကို သုံးပြီး အလုပ် ပိုမြန်ချင်တယ်။
1️⃣ Promotion သို့မဟုတ် လစာ တိုးချင်တယ် ဆိုရင်
👉 𝐔𝐩𝐬𝐤𝐢𝐥𝐥 ကို ရွေးပါ
ကိုယ်က
2️⃣ လက်ရှိအလုပ်ကို စိတ်မဝင်စားတော့လို့ နယ်ပယ် သစ်ပြောင်းချင်တယ်။
2️⃣ ကိုယ့်အလုပ်က Future တိုးတက်မှု နည်းလာတယ်လို့ ခံစားရတယ်။
2️⃣ ဝါသနာပါတဲ့ အလုပ်အသစ်ဆီ စိန်ခေါ်ကြည့်ချင်တယ် ဆိုရင်
👉 𝐑𝐞𝐬𝐤𝐢𝐥𝐥 ကို ရွေးပါ
ဘယ်လမ်းကြောင်းကိုပဲ ရွေးရွေး... သင့် Career နဲ့ ကိုက်ညီမယ့် အလုပ်အကိုင်ပေါင်းများစွာကို MyJobs.com.mm မှာ အခုပဲ ဝင်ရောက် ရှာဖွေလျှောက်ထားနိုင်ပါပြီ။ 🚀
#MyJobsMyanmar #Upskill #Reskill #CareerTips #JobSeekers #CareerGrowth #MyanmarJobs
นี่คือประกาศของคุณใช่ไหม? แก้ไขหรือลบได้ที่นี่