T
JOIM #KnowledgeSharing #SmartWork
ទីតាំង៖ 🇲🇲 MM
ប្រាក់ខែ៖ មិនបញ្ចេញប្រាក់ខែ
✈ ការងារពី Telegram
ព័ត៌មានលម្អិតការងារ
🚨 Presentation Slide ပြင်ဖို့ ညလုံးပေါက် အချိန်ကုန်နေပြီလား..❓🤯✨
Manager ကို Report တင်ရတာပဲဖြစ်ဖြစ်၊ Client ကို Proposal တင်ပြရတာပဲဖြစ်ဖြစ်၊ ရုံးတွင်း Training အတွက် Slide ပြင်ရတာပဲဖြစ်ဖြစ်...
Layout ညှိရ၊ Color ရွေးရ၊ Icon နဲ့ Image လိုက်ရှာရတာတွေနဲ့ အချိန်တော်တော်များများ ကုန်ဆုံးနေပီဆိုရင်တော့..
ဒီလို လက်ဝင်လှတဲ့ အလုပ်တွေကို စက္ကန့်ပိုင်းအတွင်း ပြီးမြောက်စေမယ့် AI-Powered Presentation Tool ဖြစ်တဲ့ Gamma App အကြောင်းကို မျှဝေပေးလိုက်ပါတယ်ဗျ။ ✨
ကိုယ်တင်ပြချင်တဲ့ ခေါင်းစဉ် Topic ဒါမှမဟုတ် Outline လေး ရိုက်ထည့်လိုက်ရုံနဲ့ AI က...
✅ Presentation Flow ကို စီစဉ်ပေးမယ်
✅ Professional Layout တွေ ဖန်တီးပေးမယ်
✅ လိုက်ဖက်တဲ့ Images တွေ ထည့်ပေးမယ်
✅ အဆင်သင့် အသုံးပြုနိုင်တဲ့ Slide Deck တစ်ခုကို အလိုအလျောက် ဖန်တီးပေးမှာ ဖြစ်ပါတယ်။
💼 ရုံးလုပ်ငန်းခွင်မှာ Gamma App ကို ဘယ်လိုအသုံးချနိုင်မလဲ❓
📌 Text to Presentation။
Proposal၊ Report၊ Meeting Presentation စတာတွေကို ခေါင်းစဉ် သို့မဟုတ် အကြောင်းအရာ အကျဉ်းချုပ် ရေးပေးလိုက်ရုံနဲ့ AI က ဖတ်ရလွယ်ကူပြီး Professional ဖြစ်တဲ့ Slide တွေကို အလိုအလျောက် ဖန်တီးပေးပါတယ်။
📌 Document to Presentation။
Word File၊ SOP၊ Report၊ Meeting Notes စတဲ့ စာရွက်စာတမ်းတွေကို Copy & Paste လုပ်ထည့်လိုက်ရုံနဲ့ AI က အရေးကြီးတဲ့ အချက်တွေကို အနှစ်ချုပ်ပြီး Presentation Slide အဖြစ် ချက်ချင်း ပြောင်းလဲပေးနိုင်ပါတယ်။
📌 Brand Theme ကို စိတ်ကြိုက်ပြင်နိုင်ခြင်း။
ကုမ္ပဏီရဲ့ Brand Color၊ Font နဲ့ Design Style တွေအတိုင်း Theme ပြောင်းလို့ရသလို၊ ပြီးသွားတဲ့ Presentation ကို PowerPoint နဲ့ PDF အဖြစ်လည်း Export လုပ်နိုင်ပါတယ်။
👉 Link: https://gamma.app/
Free အနေနဲ့ စတင်အသုံးပြုနိုင်ပြီး မြန်မာဘာသာနဲ့ Prompt ပေးသုံးရင်လည်း အတော်လေး အဆင်ပြေတဲ့ Tools လည်းဖြစ်ပါတယ်ဗျ။
AI ဖန်တီးပေးတဲ့ Slide ကို 80% အကြမ်းထည်လို့ သဘောထားပြီး ကျန်တဲ့ 20% ကိုတော့ ကိုယ်တိုင် အချက်အလက်စစ်ဆေး၊ ဖြည့်စွက်၊ ပြင်ဆင်လိုက်ရုံနဲ့ Professional Presentation တစ်ခု အလွယ်တကူ ရရှိနိုင်ပါတယ်။
Presentation ပြင်ဖို့ အချိန်ကုန်ခံစရာမလိုတော့ဘဲ ကိုယ်တင်ပြလိုတဲ့အကြောင်းအရာပေါ်မှာပဲ ပိုပြီး စမ်းသုံးကြည့်လိုက်ပါဗျ။ 😉✨
#JOIM #KnowledgeSharing #SmartWork
#GammaApp #AIPresentation #AITools
#Job_Opportunities_in_Myanmar
#Company_Direct_Job_Sharing_Platform